10

8.5K 724 67
                                    

Unicode

တစ်လမ်းလုံး ဝမ်ရိပေါ်ဟာ ပျော်ရွှင် ကြည်နူးတစ်တီတူးပြီး ရှောင်းကျန့်ရဲ့ဆိုင်ကယ်နောက်မှာပါလာခဲ့တယ်။ ဝမ်ရိပေါ်တို့အိမ်နားမရောက်ခင် market တစ်ခုနားရောက်တော့ ဝမ်ရိပေါ်ကိုဆိုင်ကယ်ပေါ်ကဆင်းခိုင်းပြီး...

"သွား..... cheese pudding သွားဝယ်"

"ကျန့် မလိုက်ဘူးလား"

"ကိုကဘယ်လိုလိုက်ရမလဲ ဝမ်ရိပေါ်...သိရဲ့သားနဲ့"

"အင်းပါ.... အင်းပါ ဒါဆို ကိုယ့်ဘာကိုယ်သွားမယ် ပြီးတော့လေ ကျန့် ကျွန်တော့်ကို ချစ်စရာနာမ်စားတစ်ခုလောက်သုံးပြီးခေါ်ပါလား ဝမ်ရိပေါ် ဝမ်ရိပေါ်နဲ့"

"ဟင် ကိုကဘယ်လိုခေါ်ရမှာလဲ "

"ကျွန်တော့်ကိုပြန်မမေးနဲ့လေ ကျန့်ကဘယ်လိုခေါ်ချင်လဲ"

"အင်း.......ဒါဆို ဝက်ပေါက်လို့ခေါ်မယ်"

"ကျွန်တော်က ဝနေလို့လား"

"မဝပါဘူး မင်းရဲ့နှာလုံးလုံးလေးကိုအသည်းယားလို့ အဲ့လိုခေါ်ချင်တာ"

"ရတယ် ရတယ် ကျန့်ကအဲ့လိုခေါ်ချင်တယ်ဆိုတော့ ဒီကလက်ခံပေးရမှာပေါ့"

ဝမ်ရိပေါ် သူ့ရဲ့ချစ်သူဟာ ရာဇဝတ်သားဆိုတာကိုမေ့နေတယ်ထင်ပါရဲ့။ သာမာန် လူတစ်ယောက်နဲ့ ချစ်သူဖြစ်နေတဲ့အတိုင်းဘဲပေါ့ပေါ့ပါးပါးလေး။ရှောင်းကျန့်ကတော့ဘယ်လိုစိတ်ပူနေမယ်သူမသိ...။

"Pudding သွားဝယ်တော့လေ...ရော့"

ရှောင်းကျန့်ပိုက်ဆံအိတ်ထဲကနေ ပိုက်ဆံထုတ်ပြီးဝမ်ရိပေါ်လက်ထဲထည့်လိုက်တယ်။

"ဘာလဲ ကျန့်... ကျွန်တော့်မှာပိုက်ဆံရှိတယ်လေ ကိုယ့်ဘာကိုယ်ဝယ်မှာပေါ့"

"မရဘူး ကိုပေးတာနဲ့သွားဝယ် ချစ်သူဖြစ်တဲ့အထိန်းအမှတ်ပေါ့"

ရှောင်းကျန့်ဟာ သိတတ်တဲ့အရွယ်ထဲက နာကျင်မှုတွေနဲ့အတူ ဒုက္ခတွေကိုပါတစ်ယောက်ထဲခါးဆီးခံခဲ့ရတာ။ ဒါကြောင့်သူ့မှာကြင်နာယုယမှုတွေ နူးညံ့မှုတွေ သိမ်မွေ့မှုတွေဆိုတာမရှိဘူး။

ဒါပေမဲ့ ဝမ်ရိပေါ်ကိုတော့ သူ့မှာမရှိခဲ့ဘူးဆိုတဲ့ အဲ့ဒီ့ကြင်နာယုယမှုတွေ နူးညံ့မှုတွေ သိမ်မွေ့မှုတွေအကုန်ပေးချင်တယ်။ ဖြစ်နိုင်ရင် ဘဝတစ်ခုလုံးတောင်ပုံပေးချင်တယ်။ သို့သော်သူ့ရဲ့ဘဝက ဝမ်ရိပေါ်ကိုပေးရလောက်တဲ့အထိ မဖြူစင်ဘူး...။

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now