19

4.8K 502 51
                                    

Unicode

"ကျွန်တော်က ဘားမှမဖြစ်ချင်ပါဘူးဗျာ... ကျန့်များဖြစ်ချင်မလားလို့"

"ဒီနေ့တစ်ရက်တော့ နားရအောင် ခရီးလည်းပန်းလာတဲ့ အပြင် ဟိုဘက်တွေမှာ ဖိုးဖိုးတို့ရှိသေးတယ်လေ"

"ဖိုးဖိုးတို့က အိမ်တစ်လုံးသက်သက်လေ"

"ပြောတော့ ဝက်ပေါက်ကဘားမှမဖြစ်ချင်ပါဘူးဆို"

"အေးလေ အခုက ဘာပြောနေလို့လဲ"

"ဟာ.... အိမ်တစ်လုံးနဲ့ သက်သက်နေတာတွေဘာတွေတောင်ပြောနေပြီး"

"မသိဘူးဗျာ....  သွား လှဲနေတော့မယ် ပင်ပန်းနေပြီ"

"ကိုလဲ လိုက်မှာပေါ့... လာ "

၂ ယောက်အတူတူ အနားယူဖို့အတွက် အခန်းထဲဝင်သွားကြတယ်။ ဒီညတော့ သေချာပေါက် ကောင်းကောင်းအနားယူဖြစ်မှာပါ။ရာဇဝတ်သားဖြစ်တဲ့ ကျန့်ကလည်း သူ့ရဲဝက်ပေါက်ကို နှစ်သိမ့်ပေးရင်းပေါ့...။

မနက်ခင်းအစမှာ စိတ်ကြည်တယ် မကြည်ဘူးဆိုတာ ကိုယ့်ဘေးမှာရှိတဲ့သူနဲ့ဘဲသက်ဆိုင်တယ်။

"ကျန့်..."

"အင်း......."

"ထတော့လေဗျာ"

"ဝါး...... အစောကြီးဘဲရှိသေးတယ်လေကွာ"

"မစောတော့ဘူး ၈ နာရီထိုးနေပြီ"

"ဝက်ပေါက်က အစောကြီးနိုးနေတာလား"

"အင်း အစောကြီးထပြီး morning kiss ပေးမလို့"

"ပေး...ပေး"

ရှောင်းကျန့် နှုတ်ခမ်းဆူပြီး ဝမ်ရိပေါ်နားသွားလိုက်တယ်။

"နိုး.....နိုး...ကျွန်တော်လည်း ကျန့်လိုဘဲ ကျန့်မသိအောင် ခိုးပေးပြီးပြီ"

"Aww.... ဒါကြောင့် အစောကြီးထတာလား"

"ဒါပေါ့ "

"ကိုကရော ပြန်မပေးရတော့ဘူးလား"

"ခဏလေး ကျွန်တော်ပြောအုံးမယ်"

"ဘာပြောမို့လဲ"

"ကျွန်တော် တို့ စစတွေ့ချင်းက တစ်ယောက်နဲ့တစ်ယောက် ရိုင်းရိုင်းစိုင်းစိုင်းပြောခဲ့ကြတာတွေမှတ်မိလား"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now