3

12.6K 999 13
                                    

Unicode

ရှောင်းကျန့်ထွက်သွားသည်နှင့် ဝမ်ရိပေါ်လဲအိမ်ကိုပြန်သွားတော့သည်။ တစ်လမ်းလုံးဒီကိစ္စတွေးတောပြီး ပြန်သွားတာတောင် ဒီကောင်လေးဟာ အိမ်ရောက်သည်အထိ ဒီအတွေးတွေမရပ်တန့်နိုင်သေးဘူး။

"ဝမ်လေး...ပြန်လာပြီလား လာလေ မားတို့နဲ့အတူညစာစားရအောင်"

"ဟင့်အင်း.... သားမစားချင်ဘူး မား အပေါ်တက်တော့မယ်"

"ဝမ်လေး သား မျက်နှာလဲမကောင်းပါလား ဘယ်လိုဖြစ်တာလဲ ဟမ် ရန်ဖြစ်လာတာလား"

"မဟုတ်ပါဘူး မားရယ် သားဒီတိုင်းမစားချင်လို့"

စကားကိုတိုတိုတုပ်တုပ်ပြောပြီး အပေါ်ထပ်ကိုတက်သွားတော့သည်။ ဝမ်ရိပေါ် စဥ်းစားသည် သူဒီလူအကြောင်းကို ပါးနဲ့မားကိုပြောပြပြီး ရဲလက်အပ်ဖို့ စီစဥ်ရင်ရော ဒါဆိုအဆင်ပြေလောက်မလား ။ သူရဲလက်ကိုအပ်မယ်လို့ စဥ်းစားမိတိုင်း ဘယ်ကပေါ်လာမှန်းမသိတဲ့ စိတ်အာရုံတစ်ချို့က မလုပ်ဖို့တားနေတယ်။ ဘာဘဲ ဖြစ်ဖြစ်နောက်ဆုံးတစ်ခေါက်တော့အခွင့်အရေးပေးမယ်လို့ဆုံးဖြတ်လိုက်သည်။

"ပါးရေ.....ပါး"

အခန်းထဲမှ အလျင်အမြန်ထွက်ပြီးအောက်ထပ်ကိုပြေးဆင်းလာကာ ပါးကိုအသားကုန်အော်ခေါ်တော့သည်။

"သား ဘာဖြစ်တာလဲ အလောတကြီးနဲ့"

"သား.... သား ပြောစရာရှိလို့ "

"ပြောလေသားရဲ့ သားအဖချင်းကို ဘာတွေ စကားပလ္လင်ခံနေတာလဲ"

"ဟို....သား နောက်ရက်တွေလဲ စကိတ်သွားစီးချင်တယ်"

"သားကို တစ်ပတ် တစ်ခါဘဲလို့ပြောထားတယ်လေ "

"ဟုတ်ပါတယ် ဒါပင်မဲ့ ပါးရယ်..... သားက ဟို.... ဟိုကောင် ၂ ကောင်လေ သူတို့နဲ့အပြိုင်စီးတာ ဒီနေ့သူတို့ကကြောသွားလို့ သားက သားအစွမ်းအစကိုပြန်ပြချင်လို့ပါ ပါးရယ်"

"ပတ်ဝန်းကျင်အခြေအနေကလဲကောင်းတာမဟုတ်ဘူး သားဝမ်ရယ်"

"ဟာ.....ပါးကလဲ သားဒီနေ့သွားစီးတာ ဘားမှမဖြစ်ပါဘူး အားလုံးပုံမှန်အတိုင်းဘဲကို နော်...ပါး သားကိုပေးစီးပါဗျာ"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now