11

7.4K 700 39
                                    

Unicode

တစ်ဖက်မှာငိုနေတယ်ဆိုတာသိလျှက်နဲ့ ဆက်သွယ်ခွင့်မရ အားပေးနှစ်သိမ့်ခွင့်မရခဲ့တဲ့ဝမ်ရိပေါ်ဟာလည်း ရှောင်းကျန့်ခံစားနေရတာထက်မပိုရင်တောင် မလျော့ဘူး။

ရှောင်းကျန့်ဘာလို့ရုတ်တရက် အဲ့လိုထဖြစ်တယ်ဆိုတာ ဝမ်ရိပေါ် အရမ်းသိချင်နေမိတယ်။ဒီညတော့ အချစ်သံစဥ်တွေ သီကျူးပြီးအိပ်မယ်လို့စဥ်းစားခဲ့တာ အခုတော့အကုန်လေထဲမှာလွှင့်.....။

ညက သူပါစိတ်ပူပြီး ငိုနေခဲ့တာနဲ့ ဘယ်အချိန်အိပ်ပျော်သွားမှန်းတောင်မသိလိုက်ဘူး။ နိုးတော့ ၈နာရီကျော်နေပြီ။ ဘယ်သူမှလဲလာမနှိုးတာနဲ့ ဝမ်ရိပေါ်အိပ်ရာထဲဆက်လှဲနေလိုက်တယ်။

ဖုန်းကိုချက်ချင်းလှမ်းယူပြီး သူ့လူကြီးအဆင်မှပြေပါ့မလားလှမ်းမေးဖို့ပြင်လိုက်တယ်။ ဖုန်းဆက်လိုက်တာနဲ့ အရင်လိုကြာမနေဘဲ တစ်ဖက်ကချက်ချင်း ဖုန်းကိုင်တော့သည်။

"Hello "

"ကျန့်.....အဆင်ပြေရဲ့လားဟင် ညက ကျန့်ဘာဖြစ်တာလဲ ဘယ်သူဘာပြောလိုက်တာလဲ ကျွန်တော့်ကိုပြော"

"ဟင်....ဝက်ပေါက်ဘာတွေပြောနေတာလဲ"

"ဘာတွေပြောရမှာလဲ ကျန့်ဘဲညက ငိုယိုနေပြီး"

"ပေါက်ကရဝက်ပေါက်ရယ် ကိုကငိုစရာလား"

"ဟာ.....ဗြောင်လိမ်နေတာဘဲ ကျွန်တော့်ကိုချစ်ကြောင်းတွေ ကျေးဇူးတင်ကြောင်းတွေငိုယိုပြီးပြောထားတာလေ"

"ဝက်ပေါက်ရေ....အိပ်မက်မက်နေတာများလား "

"ဘယ်ကအိပ်မက်ကိုမက်ရမှာလဲ ဒီမှာနိုးလို့ ကျန့်ကိုတောင်ဖုန်းဆက်နေပြီကို"

"ဒါဆိုလဲထ မျက်နှာလေးဘာလေးထသစ် ရေမိုးချိုး အကိုရဲ့မွေးနေ့သွားမှာဆို"

"မားတို့ကသွားပြီလားတောင်မသိပါဘူး"

"ဒါဆိုလဲ ကိုယ့်ဘာကိုယ်သွားဖို့ပြင်တော့လေ ဝက်ပေါက်"

"ညနေမှဘဲသွားတော့မလားလို့ပါ"

"ဘာလို့လဲ စောစောသွားတော့မကောင်းဘူးလား အကိုဆို..."

"ကျန့်ကိုပြောပြရအုံးမယ်"

"နေအုံး....နေအုံး....အရင်ထ မျက်နှာသစ် ရေချိုးအစားစား ပြီးမှပြန်ဆက် ဟုတ်ပြီလား"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now