23

4.2K 415 42
                                    

Unicode

ရှောင်းကျန့် သူ့သူငယ်ချင်း ဟုန်ပေါင်းနဲ့အတူ ၂ ယောက်စီးကားလေးသွားကြည့်တယ်။ ​အင်းလေ... သူနဲ့ ဝမ်ရိပေါ် ၂ ယောက်တည်းစီးမှာဆိုတော့ ၂ ယောက်စီးကားကအဆင်ပြေနေတာဘဲ....။

"ရှောင်းကျန့် မင်းကလေးမခေါ်လာဘူးလား"

"အေး ခေါ်မလာတော့ဘူး။ မနေ့ကသူဒဏ်ရာရလာလို့လေ ဒါကြောင့် ပြီးတော့ဒီနေရာတွေက ခေါ်လာချင်တိုင်းခေါ်လာလို့မှမရတာ"

"အဲ့ဒါတော့ဟုတ်တယ် ကို့ရတနာခဲ ကိုဖွက်ထားတာအကောင်းဆုံးဘဲ"

"အေးကွာ.... ပြီးတော့ ဒီလိုအချိန်အကူအညီ​ပေးခဲ့အတွက် ငါကျေးဇူးအများကြီးတင်ပါတယ်။  ငါမင်းကျေးဇူးကိုမမေ့ပါဘူး"

"မဟုတ်တာ ရှောင်းကျန့်ရာ!  မင်းလဲ ငါအရမ်းခက်ခဲနေတဲ့အချိန်မှာ ကူညီပေးခဲ့တာဘဲ.... ဒီလောကထဲမှာ မင်းကငါ့အတွက် အကောင်းဆုံး ပါတနာဘဲ"

"ဒီလိုသဘောထားမျိုးရှိနေပေးတော့ ငါတောင်အားနာနေရပြီ"

"ရပါတယ် ဘားမှမဖြစ်ဘူး မင်းသိထားဖို့က မင်းဘာတွေဘဲဖြစ်ဖြစ် မင်းဘေးမှာငါရှိတယ်ဆိုတာဘဲ"

"အေးပါကွာ.... ဒါဆို ငါပြန်တော့မယ်နော် ဟိုမှာတစ်ယောက်ထဲကျန်ခဲ့တော့လေ"

"ဟုတ်ပြီ ဟုတ်ပြီ ဂရုစိုက်ပြန်နော်"

ဟုန်ပေါင်းဟာ သူ့အပေါ်မှာ သာမန်သူငယ်ချင်းတစ်ယောက်ထက် ပိုတယ်ဆိုတာ ​ရှောင်းကျန့်ကောင်းကောင်းရိပ်မိတယ်။ ဒါကြောင့်လည်းအမြဲ ဟုန်ပေါင်းစကားတွေမလွန်ခင် အမြန်ရှောင်ထွက်ခဲ့တာ.... ။

ဟုန်ပေါင်းကလည်း တကယ်ဘဲ ရှောင်းကျန့်ကို သူငယ်ချင်းဆိုတာထက်ပိုတယ်။ သူ့အနေနဲ့ကြည့်ရင်လည်း ဆိုးတူကောင်းဘက်အမြဲအနားမှာရှိနေပေးခဲ့တဲ့သူဆိုတော့ သူခံစားချက်အသစ်တွေ ဖြစ်ပေါ်လာတာမလွန်ဘူး။

ရှောင်းကျန့် မပြန်ခင်ကို ဆေးဆိုင်မှာ ဒဏ်ရာလူးဆေးနဲ့ အကိုက်အခဲပျောက်ဆေးတစ်ချို့ကို ဝင်ဝယ်လိုက်တယ်။ သူ့ကလေးအတွက် ကြက်သားဆန်ပြုတ်လေးဟာလည်း မမေ့မလျော့ ပါသွားသေးတာ.....။

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now