22

4.6K 415 22
                                    

Unicode

မနက်ခင်းလေးမှာနိုးလာခဲ့....
အရင်ဆုံးမင်းကိုလွမ်းပါတယ်။

နိုး....မဖြစ်နိုင်ပါ။ မနက်မိုးလင်းတာနဲ့ ကို့ချစ်သူမျက်နှာကို တန်းမြင်နေရတာ ဘယ်လိုလုပ်လွမ်းရပါ့မလဲ။

"ကျန့်....ထတော့"

"ဟာ.... အစောကြီးရှိသေးတယ်လေကွာ"

"ကျန့်ကလဲ ပြောတော့ ဒီနေ့ ဘဏ်သွားကြမယ်ဆို ရေမိုးချိုးကြမယ်လေ"

"ဝက်ပေါက်ရေ.... ကိုတို့က ဘဏ်မှာ ဓားပြသွားတိုက်မှာနော် ငွေသွားသွင်းမှာလည်းမဟုတ်ဘူး ငွေသွားထုတ်မှာလည်းမဟုတ်ဘူး"

"ဘာဘဲဖြစ်ဖြစ်လေ ရေချိုးပြီးသွားရမှာမဟုတ်ဘူးလား"

"အင်းလေ ဒါဆိုလဲ ရေအရင်သွားချိုး သွား"

"မရဘူး"

"ဘာကိုမရတာလဲ"

"တစ်ယောက်ထဲမချိုးဘူးလို့ တူတူချိုးမှာ"

"ဟိတ် ကောင်လေး... ညကလဲတစ်ခါ"

"ဟာ....ကျန့်ကဘာတွေပြောနေတာလဲ ဒီက ရေဘဲအတူချိုးဖို့ပြောတာကို အားရှိ ဒါတွေဘဲတွေးနေတယ်"

"မသိဘူးလေ ခင်ဗျားလေးကလဲ ဇသိပ်ရှိဆိုတော့ ကြောက်နေရတယ်"

"အံမယ်... သူကဘဲကြောက်တယ်ရှိရသေးတယ်"

"ထ ထ ဒါဆိုလဲရေသွားချိုးကြမယ်"

ရေချိုးပြီးတာနဲ့ အဆင်သင့်ပြင်ဆင်ထားတဲ့ အနက်ရောင် အမှိုင်းလို့ယူဆရတဲ့ အဝတ်အစားတွေကို ၂ ယောက်လုံး ဝတ်ဆင်လိုက်ကြတယ်။

ဦးတည်ရာဘဏ်ဆီသို့ လက်ကိုင်အိတ်အကြီးတစ်လုံးယူလာကာ ဆိုင်ကယ်နဲ့ ခရီးနှင်လိုက်တယ်။

ရောက်လာတဲ့အချိန်က မနက်ပိုင်းလည်းဖြစ် လူသူရှားတဲ့နေရာမှာရှိတဲ့ ဘဏ်ဖြစ်တဲ့အတွက် သူတို့အကြိုက်ဖြစ်သွားတယ်။

သူက ဒါမျိုးတွေရိုးနေပြီဖြစ်သော်လည်း တားမရဆီးမရ လိုက်လာတဲ့ ဒီကလေးကို အလွန်စိတ်ပူနေရတယ်။

"ဝက်ပေါက်..... အထဲရောက်ရင် အများကြီး သတိထားနော် ကြားလား"

"သိပါတယ် ကျန့်ရဲ့ အရမ်းစိတ်မပူနဲ့ ကျွန်တော် အဆင်ပြေတယ်"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now