7

9.1K 808 34
                                    

Unicode

ဝမ်ရိပေါ် မနက်စာစားဖို့ အောက်ထပ်ကိုဆင်းသွားလိုက်တယ်။ ဒီနေ့တော့ မိသားစုတွေ မနက်စာအတူစားရမယ်ထင်ပါရဲ့..။ ပါပါးရော မာမားရောက မနက်စာစားဖို့သူ့ကိုစောင့်နေကြတယ်။

"Morning.... "

ဝမ်ရိပေါ်ဘက်ကစပြီး မျက်နှာချိုသွေးကာနှုတ်ဆက်လိုက်တယ်။ ညကအိမ်ပြန်နောက်ကျတာ ကိုပြန်မဆူဖို့အရေး ဝမ်ရိပေါ်အရေးဘဲ။

"Morning... ဝမ်လေးလာထိုင်
အိမ်ထိန်းကြီးရေ ဝမ်လေးအတွက်နွားနို့ယူခဲ့တော့"

"ဟို..... ပါပါး သားတောင်းပန်ပါတယ်။ ပါပါးရယ် နောက်မဖြစ်စေရပါဘူးအဲ့လို နော်...သားကတိပေးပါတယ် "

"သားကိုရော ပါပါးကဆူချင်ပါ့မလား။ ဒါပင်မဲ့သားကလွန်တယ်လေ။ လူတွေကြောက်ပြီးအပြင်မထွက်တဲ့အချိန်မှာ သားကစကိတ်တောင်ထွက်စီးတယ်။ ဒါ့အပြင်ကို သက်မှတ်ထားတဲ့အချိန်ပြန်မလာဘဲနောက်ကျလာတယ်။ ပါပါးဆူတာလွန်လားပြော"

"မလွန်ပါဘူးပါပါးရယ်။ သားမှားပါတယ်.... ပြီးတော့လူတွေလည်း အဲ့လောက်မကြောက်တော့ဘူး သွားလာနေကြပြီ... အဲ့လူဆိုးဆိုတာလဲ ဘာသတင်းမှထပ်မကြားတော့ဘူး ပါပါးရဲ့"

"သတင်းထပ်မကြားတာဟုတ်တယ်။ လူဆိုးဆိုတာ ခေါင်းမှာ ဂြိုလ်တပ်ပြီးလာတာမဟုတ်ဘူး ဝမ်လေး"

"အင်းပါ ပါပါးရယ် သားသိပါတယ် "

ဝမ်ရိပေါ် ညနေအပြင်ထပ်ထွက်ရဖို့အတွက်ကို ခုလိုမနက်မိုးလင်းထဲကပါပါးကိုချော့ထားမှဖြစ်မယ်။ ညနေထွက်ဖို့ဘယ်နည်းလမ်းသုံးရမလဲဆိုတာကိူ ကြံရာမရဖြစ်နေတယ်။

"သြော်.....ဒါနဲ့ ဝမ်လေး"

"ဗျာ မာမား.... ဘာပြောမို့လဲ"

"ဟိုဘက်လမ်းက ဝမ်လေးသူငယ်ချင်း ရှန်းဝူ လေ အဲ့ကောင်လေးဒီနှစ် ၁၀ တန်းကျတာမဟုတ်လား"

"ဟုတ်တယ် မားရယ်....သနားပါတယ် သူ့အမေကလဲ မုဆိုးမကြီး သူ့သားကိုသူဘဲ အလုပ်တွေလုပ်ပြီးရှာကျွေးနေရတာ ဒါနဲ့မာမားကဘာလို့မေးတာလဲ"

"အဲ့ကောင်လေး အဖမ်းခံရလို့တဲ့ ဝမ်လေးရေ... သူ့အမေလဲတော်တော် ဝမ်းနည်းနေတယ်ပြောတယ် လမ်းထဲကလူတွေတောင်အခြေနေသွားမေးကြတယ်တဲ့"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now