12 [🔥]

13.6K 719 69
                                    

Unicode

"လာ.... သွားမယ် "

ဝမ်ရိပေါ်ရဲ့လက်ကိုဆွဲပြီးဆိုင်ကယ်နားကို အစွမ်းကုန်ပြေးသွားလိုက်တယ်။ ဆိုင်ကယ်နဲ့ထွက်သွားတဲ့ ဒီလူသား ၂ ယောက်ဟာ ဘာအပူအပင်မှမရှိတော့ပုံဘဲ။

ရှောင်းကျန့် သူ့ရဲ့ တိုက်ပုလေးဆီဘဲမောင်းလာလိုက်တယ်။ လောလောဆယ်သွားစရာလည်း ဒီတိုက်ပုလေးဘဲရှိတယ်။

"ကျန့်.... "

"ပြောလေ"

"ကျန့်အဆင်ပြေရဲ့လား"

"ပြောင်းပြန်တွေ ဝက်ပေါက်ရယ် ကိုကမေးရမှာလေ ဝက်ပေါက်အဆင်ပြေလားလို့"

"ကျွန်တော့်ကိုခေါ်လာတော့ ကျန့်ထပ်ပြီး အမှုတွေကြီးကုန်မှာပေါ့"

"အစတည်းက ကို့ရဲ့အမှုတွေကနည်းနည်းလေးမှမဟုတ်တာ ပြီးတော့ ဝက်ပေါက်က အန္တရာယ်ရှိတယ် ကိုနဲ့ နှစ်ဦးသဘောတူ အတူရှိနေတယ်ဆို.... "

"ကျွန်တော်သိတယ်.....ကျန့်ပြောခဲ့သလိုဘဲ ကျွန်တော်ပါ ဝရမ်းပြေးလို့သက်မှတ်ခံရမှာမဟုတ်လား"

"အင်း.... ကို့ကြောင့် ဝက်ပေါက်ကိုအထိခိုက်မခံနိုင်ဘူး"

"ကျွန်တော့်ကိုရော ကျန့်ကအဲ့လောက်တောင်ချစ်တာလား"

"ချစ်တာပေါ့ဗျာ"

"ဘယ်ချိန်ထိချစ်မှာလဲ"

"ခန္ဓာကိုယ်ကအသွေးအသားတွေ စီးဆင်းနေသမျှ"

"ဒီတိုင်းသာ ကို့အနားမှာဆက်နေရင် ဝက်ပေါက်က စိတ်ရော လူရောဆင်းရဲရလိမ့်မယ်"

"လူကဘာလို့ဆင်းရဲရမှာလဲ စိတ်ကရော ဘာဆင်းရဲစရာလိုလဲ .... ကျန့်သာ ကျွန်တော့်ဘေးရှိနေရင်အားလုံးအဆင်ပြေပြီ"

"အာ...ဒီဝက်ပေါက်ကစကားသိပ်တတ်တာဘဲ"

ဝမ်ရိပေါ်ကို ရှောင်းကျန့်ရင်ခွင်ထဲထည့်ကာ နူးညံ့တဲ့အတွေ့အထိတွေနဲ့ပွေ့ဖက်ထားလိုက်တယ်။ သေချာတယ် ဒါဟာသူတို့ ၂ ယောက်အတွက်ပထမဆုံး နူးညံမှုလေး...။

ချစ်ခြင်းမေတ္တာတွေထပ်တူကျတဲ့အခါ
(သို့မဟုတ်)
လူရွေးမှန်သွားတဲ့အခါ
တကယ်ကိုစိတ်ပျော်ရွှင်ရပါတယ်။

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now