20

4.9K 494 64
                                    

Unicode

အချိန်တွေဟာ ကုန်တာမြန်တယ်လို့ဘဲပြောရမလား..... အသိတစ်ယောက်မှမရှိတဲ့မြို့ပြလေးမှာ ဝမ်ရိပေါ်ရှောင်းကျန့်နဲ့လာနေတာ ၁ လပြည့်တော့မယ်။

အတိအကျ​ပြောမယ်ဆိုရင်တော့ သူတို့ ၂ ယောက်တွေ့ခဲ့တာ ၁ လပြည့်ပြီ။

ဒီ ၁ လလေးအတွင်းမှာတင် ဝမ်ရိပေါ်ရော ရှောင်းကျန့်ပါ စိတ်သောကရောက်ခဲ့ရချိန်တွေအများကြီးရှိခဲ့တယ်။

TV မှာရော online မှာပါပျံ့နှံ့နေတဲ့သတင်းတွေ​ကြောင့်လေ .....။

သတင်းခေါင်းစဥ်ကဘာတဲ့
ဖမ်းဆီးမရသေးတဲ့ ဝရမ်းပြေးနှစ်ယောက်တဲ့။

ဒီသတင်းတွေကြောင့် ဝမ်ရိပေါ် မိဘတွေကလည်းသေချာပေါက်ပျော်ရွှင်နိုင်မည်မဟုတ်။
​ပြန်လာဖို့အတွက်သားဆီကို အကြိမ်ကြိမ်ဖုန်းဆက်ပြီးပြောနေတာတောင် ဒီတဇွတ်ထိုးလေးဟာ ဂရုမစိုက်ခဲ့ဘူး ။

သူဘယ်လိုစိတ်နဲ့ပြန်ရမှာလဲ။ သူပြန်သွားလိုက်တာနဲ့ သူ့ရဲ့ကျန့်က အကြီးအကျယ် ဒုက္ခရောက်တော့မှာလေ။

ဒါမျိုးတွေကို ဂရုမစိုက်ဘဲ ၁လတိတိ ကောင်းမွန်စွာ ဖြတ်သန်းခဲ့ပြီးပြီ.....။ နောက်ထပ် ဘယ်လို အတားအဆီး အခက်အခဲလာလာ ရင်ဆိုင်ဖို့ ၂ ယောက်လုံးကအသင့်ဘဲ။

မနက်မိုးလင်းတာနဲ့ ကြားလိုက်ရတာကလည်း ဒီသတင်းဘဲ.... ။

ဝရမ်းပြေး ရှောင်ရှောင်းကျန့်နဲ့ လိုက်သွားတဲ့ ဝမ်ရိပေါ်ဆိုတဲ့လူငယ်ကပါ လူသတ်မှုကျူးလွန်းထားလို့ ဖမ်းဝရမ်းထုတ်ခံထားရကြောင်း....  ရဲတွေက ဒီ ဝရမ်းပြေး ၂ ယောက်ကိုအလိုရှိနေကြောင်း... ။

" ကိုနဲ့သာလိုက်မလာခဲ့ရင် ဝက်ပေါက်ကပါ ဒီလိုဖြစ်နေမှာမဟုတ်ဘူးနော်"

"လာပြန်ပြီ ကျန့်ရာ... ဒီသတင်းတွေလာတိုင်း ဒီစကားဘဲပြောနေတယ်"

"ကို ရင်ထဲမကောင်းလို့ပါ"

"ဘာမကောင်းစရာလိုလဲ"

"ဖြူစင်တဲ့ကောင်လေးကိုဖျက်စီးခဲ့မိလို့လေ"

"ကျန့်ဖျက်စီးတာမဟုတ်ပါဘူး။ ကျွန်တော်ကအစတည်းကပျက်စီးနေတာ"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now