18

5.5K 562 43
                                    

Unicode

"ကို့ ရင်ခွင်ကြီးကနွေးထွေးတယ်ဆို ဝက်ပေါက်က တစ်သက်လုံးနားခိုမှာလား"

"နားခို ရအောင် ကျွန်တော်က ငှက်မှမဟုတ်တာ ကျန့်ကလည်း"

"သြော် ဝက်ပေါက်ကလည်း... ကိုက စကားအဖြစ်ပြောလိုက်တာပါ"

"ဟီးဟီး....ကျွန်တော်ကလည်း စတာပါကျန့်ရဲ့ ကျွန်တော်က ကျန့်ရင်ခွင်ထဲမှာ တစ်သက်လုံးနားခို​နေမဲ့ ငှက်ကလေးဘဲ"

"လူလည်လေး ဒါကချွဲနေတာလား"

"ဘယ်လိုထင်လို့လဲ"

"ထားပါ ထားပါ... ဗိုက်ဆာနေပြီလား။ ဖိုးဖိုးပေးတာတွေ စားရအောင်လာ"

"ကျန့်..."

"ဗျာ "

"ဖုန်းအားသွင်းချင်လို့..."

"သွင်းလေ ဝက်ပေါက်ရဲ့"

"ဖုန်းအားသွင်းကြိုးက ကျန့်အိတ်ထဲမှာလေ"

"ဟိုနားကခုံပေါ်မှာတင်ခဲ့တယ် အိတ်ထဲမှာနှိုက်လိုက်"

"ဟုတ် ဟုတ်"

ရှောင်းကျန့် စားဖို့တွေတောင်ပြင်လို့ပြီးတော့မယ် ဝမ်ရိပေါ် ဖုန်းအားသွားသွင်းတာပေါ်မလာတော့တာကြောင့် ရှောင်းကျန့် လုပ်လက်စကိုရပ်ပြီး ရိပေါ်ဆီသွားဖို့ ဟန်ပြင်လိုက်သည်။

ဖုန်းအားသွင်းကြိုးတောင်အိတ်ထဲက မယူရသေးဘဲ အိတ်အပေါ်ယံမှာတင်ထားတဲ့ ရှောင်းကျန့် သေနတ်ကို သေချာကိုင်ပြီး ကြည့်နေတဲ့ ဝမ်ရိပေါ်

"ဝက်ပေါက် ဘာလုပ်တာလဲ ပေးစမ်း"

ရှောင်းကျန့်ကို သေနတ်ကိုဆွဲလုပင်မဲ့ ဝမ်ရိပေါ် ရှောင်လိုက်တာကြောင့် သေနတ်က ရှောင်းကျန့်ဆီပြန်မပါသွား။

"ဘာဖြစ်တာလဲ ကျန့်... သေနတ်လေးကိုင်တာဘဲလေ"

"ကို မင်းကိုပြောထားတယ်လေ သေနတ်ထပ်မကိုင်ရဘူးလို့"

" လူတွေကို သေနတ်နဲ့ပစ်တဲ့ အရသာက မဆိုးဘူးဘဲ။ ဒါကြောင့်ကျန့်က လူခဏခဏ သတ်တာနေမယ်"

"ဝက်ပေါက်.... မဟုတ်တာတွေပြောတာရပ်တော့"

"ဘယ်မှာမဟုတ်တာပြောလို့လဲ အမှန်တွေပြောနေတာကို"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now