Unicode
ညမိုးချုပ်တဲ့အထိ အရက်တွေဆက်တိုက်သောက်ပြီး ပင်လယ်ကြီးရဲ့ရှေ့မှာ ငူငူငိုင်ငိုင်ထိုင်နေတဲ့ ရှောင်းကျန့်ကို တောက်လျှောက်ဖုန်းတွေခေါ်နေတဲ့ ဟုန်ပေါင်း.....။
မကိုင်ဘဲ လွှတ်ထားချင်ပေမဲ့ ဒီအချိန်မှာတော့ သူသေချာပေါက် တစ်ယောက်ယောက်ကို ရင်ဖွင့်မှရတော့မယ်။
"ဟယ်လို....ဟုန်ပေါင်း"
"ရှောင်းကျန့် ငါမင်းကို တောက်လျှောက်ဖုန်းခေါ်နေတာ ဘာလို့မကိုင်တာလဲ... "
"ဟုန်ပေါင်း....ငါ.....ငါ"
"ရှောင်းကျန့်..... ရှောင်းကျန့် မင်းအဆင်ပြေရဲ့လား... ဘာဖြစ်နေတာလဲ ဟမ်.... ငါ့ကိုပြော မင်းအခုဘယ်မှာလဲ"
"မြို့အပြင်က.... မြို့အပြင်ကပင်လယ်ဘက်မှာ"
"ဟာ.... ဒီအချိန်ကြီးကွာ မင်းစောင့်နေနော် ငါချက်ချင်းလာခဲ့မယ်"
ဟုန်ပေါင်း ရှောင်းကျန့်ကို ဘယ်လောက်ထိစိတ်ပူနေလဲဆိုတာ ဖုန်းထဲကအသံကသက်သေ..... ။
ဘယ်လိုအရှိန်နဲ့ လာလိုက်လဲမသိပေမဲ့ အချိန် ခဏလေးအတွင်းမှာဘဲ ရှောင်းကျန့်ဆီရောက်လာခဲ့တယ်။
"ရှောင်းကျန့်"
"ဟုန်ပေါင်း"
ဆောင်းရာသီရဲ့ ညဘက်ဖြစ်ရုံမက ပင်လယ်ကလေအရှိန်နဲ့ ရှောင်းကျန့်အေးနေမယ်ဆိုတာ ဟုန်ပေါင်းသိသည်။ သူဝတ်လာတဲ့ ကုတ်ကိုချွတ်ပြီး ရှောင်းကျန့် ကိုယ်ပေါ် ခြုံပေးလိုက်တယ် ။ ပြီးတာနဲ့ ရင်ခွင်ထဲပါတစ်ခါတည်းပွေ့ဖက်ထားရင်း....။
"မင်းအသားတွေအေးစက်နေတာဘဲ.... အရမ်းအေးနေတယ် မဟုတ်လား ငါခဏဖက်ထားပေးမယ်နော်"
ရှောင်းကျန့်မူးမူးနဲ့ ဟုန်ပေါင်းကိုဖက်ပြီး အစွမ်းကုန်အော်ငိုနေတော့တယ်။
"ဟုန်ပေါင်း....ငါ....ငါမင်းပြောတာကိုလေ...အရင်ထဲက နားထောင်ပြီး....သတိထားသင့်တယ်... ခုတော့...."
"မငိုပါနဲ့ ရှောင်းကျန့်ရယ်.... မငိုပါနဲ့ မင်းငိုရင်ငါမခံစားနိုင်လို့ပါ"
ဟုန်ပေါင်း ရှောင်းကျန့်ကို ဖက်လျက်သားနဲ့ပင် မျက်လုံးမှာလည်း မျက်ရည်စများ စို့နင့်လျှက်။
YOU ARE READING
🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]
Fanfiction𝐈 𝐤𝐧𝐨𝐰 𝐭𝐡𝐢𝐬 𝐢𝐬 𝐜𝐫𝐚𝐳𝐲 𝐣𝐨𝐛, 𝐛𝐮𝐭 𝐈 𝐰𝐢𝐥𝐥 𝐧𝐞𝐯𝐞𝐫 𝐫𝐞𝐠𝐫𝐞𝐭 𝐢𝐭. 𝐁𝐞𝐜𝐚𝐮𝐬𝐞 " 𝑰 𝒍𝒐𝒗𝒆 𝒉𝒊𝒎 ".