8 [ 🔥 ]

17.3K 781 51
                                    

Unicode

Warning 💥
18 နှစ်ပြည့်မှဖတ်ပါ။ မပြည့်လဲဖတ်ချင်ဖတ်..

"ပြောရတာ လက်ပေါက်ကပ်တယ်လို့တော့မပြောနဲ့လေ ရှောင်းကျန့်ကလဲ...ကျွန်တော်နားလည်အောင် ဖြေးဖြေးချင်းနားချပေါ့"

"ငါကဘယ်လိုထပ်ရှင်းပြရမှာလဲ မင်းကနားလည်ရဲ့သားနဲ့ သက်သက်လုပ်နေတာလေ"

"ခဏလေး ကျွန်တော်တို့တစ်နေရာမှာ သွားပြီးအေးအေးဆေးဆေး​ပြောကြမယ် ဒီနေ့ အိမ်ပြန်နောက်ကျလို့လဲရတယ်"

"ဘယ်လို! တစ်နေရာရာမှာတောင် သွားပြောရအုံးမယ်ဟုတ်လား"

"အင်းလေ... ခင်ဗျားဒီမှာခဏစောင့် ကျွန်တော် သောက်ဖို့တစ်ခုခုသွားဝယ်မယ် ပြီးရင် ခင်ဗျားနေတဲ့တိုက်ပုလေးမှာစကားသွားပြောကြမယ် ညှိနှိုင်းကြတာပေါ့"

"ဝမ်ရိပေါ် နေအုံး....ဟာ ဒီကောင်ကွာ"

ပြောတာတောင်ဆုံးအောင်နားမထောင်ဘဲ သောက်စရာကို အပြေးသွားဝယ်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်မတယ်ဘဲမနိုင်တော့ဘူး။ သိပ်မကြာဘူး လက်ထဲမှာ အအေး ၂ ဘူးနဲ့ပြန်ရောက်လာတယ်။

"မင်းကလေ ငါပြောတာနားမထောင်ဘဲ ဇွတ်ကို လုပ်ချင်ရာလုပ်တာဘဲ ...သောက်စရာဝယ်တယ်ဆိုတာကရော အဲ့အအေးတွေလား"

"ဘာဖြစ်လို့လဲအအေးက.."

"ဘားမှမဖြစ်ပါဘူး.... ။ငါက beer တွေဘာတွေဝယ်မယ်ထင်နေတာ"

"ကျွန်တော် လူကောင်းဗျ ဒါမျိုးတွေဝါသနာမပါဘူး! အခုတော့ ခင်ဗျားနေတဲ့ဆီသွားမယ်"

"မင်းဟာက ပိုင်လှချည်လား...ဟမ် မင်းကိုယ်မင်းဘာမှတ်နေတာလဲ"

"ခင်ဗျားက ကျွန်တော့်ကို ​ခင်ဗျားအဝေးမှာနေစေချင်တာလေ .... ခဗျားကတောင်းဆိုသူလေ ဒါလောက်တော့လိုက်လျောပေါ့"

"ဟုတ်ပြီကွာ....တကယ်စောက်ဇယားကပ်တယ် သွားမယ်လာ"

ဒီအချိန်မှာရှောင်းကျန့်အတွက်ရွေးချယ်ပိုင်ခွင့်မရှိဘူး။ သူ့ဘက်ကဘယ်လောက်ဖြစ်နေဖြစ်နေ ဝမ်ရိပေါ်အတွက်ပါ ဒုက္ခဖြစ်နိုင်တယ်ဆို သူဘားမှမလုပ်ဘူး ။

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now