13

6.8K 633 82
                                    

Unicode

မနက်အိပ်ယာနိုးလို့ ဝမ်ရိပေါ် သူ့ဘေးကိုလက်နဲ့စမ်းကြည့်လိုက်တဲ့အခါ ဘေးမှာရှောင်းကျန့်မရှိတော့တာသိလိုက်တယ်။ ချက်ချင်းထပြီးဖုန်းခေါ်ဖို့ပြင်လိုက်တော့မှ ရှောင်းကျန့်က အခန်းထဲဝင်လာတော့သည်။

"ကျန့်...ဘယ်သွားနေတာလဲ။ ကျွန်တော့်မှာဖြင့်လန့်သွားတာဘဲ"

"ဝက်ပေါက်က ဘာလို့လန့်ရတာလဲ"

"ကျွန်တော့်ကိုထားသွားပြီထင်လို့ပေါ့"

"ကြံကြံဖန်ဖန် ဝက်ပေါက်ရယ် ကိုကထားသွားစရာလား"

"ရုတ်တရက်ဆိုတော့လန့်သွားတာပေါ့"

"ဟုတ်ပြီ ဟုတ်ပြီ ဒီမှာ ရော့... ကို့ အကျီတွေခဏယူဝတ်ထားလိုက် ဝက်ပေါက်ကပွဲတက်ဝတ်စုံကြီးနဲ့လိုက်လာရတာဆိုတော့ ဒါကြီးပြန်ဝတ်ဖို့အဆင်မပြေလောက်ဘူး"

"ဟုတ်... "

"မြန်မြန်သွားဝတ် ပြီးရင် မနက်စာလာစား"

ဝမ်ရိပေါ် ရေချိုးခန်းထဲဝင်ပြီး ရှောင်းကျန့်ပေးတဲ့အဝတ်အစားတွေဝတ်လိုက်တယ်။ ဝတ်ပြီးတာနဲ့မြန်မြန်ဘဲထွက်လာလိုက်ပြီးရှောင်းကျန့်ဘေးဝင်ထိုင်လိုက်တယ်။

"ဝတ်ရတာအဆင်ပြေရဲ့လား ဝက်ပေါက်"

"နည်းနည်းကြီးနေပင်မဲ့အဆင်တော့ပြေပါတယ်ကျန့်ရဲ့...ချောင်ချောင်ချိချိနေရတာပေါ့"

"အင့်.... ဝက်ပေါက်အတွက် ကိုဝယ်လာတာ"

"ဟို....."

ရှောင်းကျန့်ထိုးပေးတဲ့ ကော်ဖီခွက်ကိုကြည့်ပြီး ဝမ်ရိပေါ် အနည်းငယ်တော့ အားနာသွားတယ်။ သူက ငယ်ငယ်လေးထဲက မနက်မိုးလင်းရင် နွားနို့ပူပူလေးသောက်နေကျကို။

ရှောင်းကျန့်က ဒါကိုမသိလို့ ဒီကော်ဖီဝယ်လာတာ သူသာမသောက်ရင် သေချာပေါက်စိတ်မကောင်းဖြစ်သွားမှာ။

"ဝက်ပေါက်.... ဘာဖြစ်လို့လဲဟင် ကော်ဖီမကြိုက်ဘူးလား။ ကို လည်းဒီနားကအဆင်ပြေတာဘဲဝယ်လာလိုက်တာ။ အကယ်လို့ ဝက်ပေါက်....."

"ရတယ် ရတယ် ကျန့် ကျွန်တော်ကြိုက်ပါတယ်။ ကျွန်တော်ကအိမ်မှာဆို​လည်း မနက်တိုင်းကော်ဖီဘဲသောက်နေကျလေ"

🅒︎🅡︎🅘︎🅜︎🅘︎🅝︎🅐︎🅛︎ 🔥🔞🔥[Completed]Where stories live. Discover now