Little Extra

2.4K 197 16
                                    

"ကိုကို! ကိုကိုလို့!"

"ကိုကို​ရေလို့!"

"​ဖေ့၊​ဖေကြီး"

တစ်​ယောက်တစ်ခွန်းအသံ​လေး​တွေဟာဧည့်ခန်းထဲမှပလုံစီ၍ထွက်​နေကြ​​လေသည်။ မိုး​သောက်ရယ်၊စိုင်း​နောင်ရယ် တစ်တီ​လေးရယ်ဟာ ကြမ်းပြင်တွင်ဖင်ထိုင်ချရင်း​ခြေ​လေး​တွေ​​ဆောင့်လျှက်တစ်စုံတစ်ခုကိုအသည်းအသန်ပူဆာ​နေကြ​လေရဲ့။

"မသွားရဘူးဆိုကွာ"

"​မွေး​နေ့​လေးပဲဟာ ပြီး​တော့New Year ပွဲနဲ့လည်း​ပေါင်းလုပ်တာပဲဟာ"

ထွဋ်​ခေါင်၏တားမြစ်ခြင်းအမှု့ကိုမိုး​သောက်ကအထွန့်တက်​လေသည်။

"NoဆိုNoပဲ"

"ရတယ်​လေ ဒါဖြင့်လည်းငါတို့ခိုးသွားကြတာ​ပေါ့​နော့်"

မိုး​သောက်ကထိုလူကြီးနှစ်​​ယောက်ကိုရွဲ့ကာစိုင်း​နောင်အားမျက်စပစ်ရင်းလက်တို့လျှက်​ပြော​တော့စိုင်း​နောင်ကလည်းတအင်းအင်းနဲ့​ခေါင်းငြိမ့်​လေသည်။တစ်တီ​လေးက​တော့သူ့အ​ဖေ​လေးနှစ်​​ယောက်မျက်နှာတစ်ကမ္ဘာတည်လို့ ဖ​အေ​တွေလုပ်သမျှလိုက်လုပ်​နေ​လေရဲ့​ပေါ့။

တကယ်ဆို​ပေးသွားသင့်ပါသည်။မိုး​သောက်နဲ့စိုင်း​နောင်တို့အခုတက်​နေတဲ့သင်တန်းကသူငယ်ချင်းမ​လေးရဲ့​မွေး​​နေ့ပွဲပဲဟာ ထိုလူကြီးနှစ်​ယောက်​ပေးကိုသွားသင့်သည်။ခု​တော့ထိုလူကြီးနှစ်​​ယောက်ဟာချုပ်ချယ်လွန်းကြသည်။

"​​ဘေဘီမဆိုးနဲ့ကွာ"

"ဟုတ်တယ်​​နော် က​​လေး​လေး​ရောပဲ ကိုကိုမကြိုက်ဘူး​နော်"

ထွဋ်​ခေါင်နဲ့ထွဋ်ဝင်းကအံကိုကြိတ်လျှက်တစ်​ယောက်တစ်ခွန်း​ပြော​တော့ မိုး​သောက်နဲ့စိုင်း​နောင်မှာ​ခေါင်း​လေး​တွေချာကနဲလှည့်သွား​လေသည်။

"ဟွန်း သွားမှာပဲ"

"တွားမှာဘဲ"

တစ်တီ​လေးကပါသူ့အ​ဖေ​လေးနှစ်​ယောက်​ပြောသလိုလိုက်​ပြော​လေသည်။
ထိုသားအဖ​တွေနဲ့​တော့ခက်သည်။

"ကဲဒါဆိုလည်းကိုယ်တို့ပါလိုက်မယ်"

ထွဋ်ဝင်းက​ပြော​တော့မိုး​သောက်ကနှာ​ခေါင်း​လေးရှုံ့ကာဟွန်းကနဲလုပ်လျှက်

💙Blur💙(Completed)Hikayelerin yaşadığı yer. Şimdi keşfedin