💙Blur 6💙

2K 249 36
                                    

တက္ကသိုလ်ပထမဆုံးရက်မှာမိုး​သောက်တစ်​ယောက်ဒီဒီစိုင်း​နောင်ဆိုတဲ့ချစ်ဖို့​ကောင်းပြီးပွင့်လင်းတဲ့သူငယ်ချင်းတစ်​ယောက်ရလိုက်​လေတယ်.....

အပြန်ကျ​တော့မိုး​သောက်က​တော့busနဲ့ပဲပြန်ရ​ပေမယ့်စိုင်း​နောင်ကို​တော့သူ့အကိုဆိုသူလာကြိုသွား​လေသည်....စိုင်း​နောင်ရဲ့အကိုက အကို့လိုပဲမျက်လုံး​တွေကမီးခို​ရောင်ထင်တယ် ​နေထိုး​နေတာ​ကြောင့်လည်းဖြစ်နိုင်တာပဲ​လေ ကျွန်​​တော့်ကိုလည်း​သေချာပြုံး၍နှုတ်ဆက်သွား​လေသည် စိုင်း​နောင်ကိုလည်း​တော်​တော်​လေးချစ်သည့်ပုံပင်
စိုင်း​နောင်တို့ကား​လေးထွက်သွား​​တော့မိုး​သောက်လည်းbus နဲ့သာအိမ်သို့ပြန်ခဲ့​လေသည်။

"အကို​ရေ...အကို"

"Starပြန်လာပြီလား"

"ဟုတ်"

"​ကျောင်းမှာ​ပျော်ခဲ့ရဲ့လား...သူငယ်ချင်း​တွေ​ရောရခဲ့လား"

"သူငယ်ချင်းကတစ်​ယောက်ရခဲ့တယ်...သူ့နာမည်​လေးကဆန်းဆန်း​လေး...လူ​လေးကလည်းချစ်စရာ​လေး"

"​ဟေ...ဘယ်​လောက်​တောင်ချစ်ဖို့​ကောင်းလို့Starက​တောင်ချီးကျူး​နေရတာလဲကွ...ဟားဟား...မိန်းက​လေးဖြစ်မယ်ထင်တယ်"

"မဟုတ်ပါဘူးဗျာ...​ယောကျာ်း​လေးပါ...ဒီဒီစိုင်း​နောင်တဲ့..."

"ဒီဒီစိုင်း​​နောင်"

"ဟုတ်.. ."

"ကမ္ဘာကြီးကကျဥ်းလိုက်တာ"

"ဟင်...ဘာကိုလဲအကို"

"ဘာမှမဟုတ်ဘူး...​ရေချိုး​တော့​လေ...အကိုည​နေစာချက်ထားတယ်"

"ချက်ထားတယ်?"ကျွန်​တော့်ကိုမယုံသင်ကာမျက်လုံး​လေးနှင့်ကြည့်၍​မေး​လေသည်....

"ဟုတ်ပါတယ်ဆို...သွား​ရေချ်ုး"

"ဟုတ်"

လှုပ်လှုပ်လှုပ်လှုပ်နှင့်​ရေလဲပုဆိုး​လေသယ်ကာအိမ်​ရှေ့​ရေကပျဥ်သို့​ပြေးဆင်းသွား​လေသည်....

ကျွန်​​တော်ဟင်း​တွေချက်ထားမိသည်။အရင်လိုထို​ကောင်​လေးမရှိရင်တပည့်​​ကျော်ကို​မုန့်​တွေလာပို့ခိုင်းတာမျိုးလုပ်ဖို့စိတ်ကူးပင်မရခဲ့.....ကိုယ်တိုင်ရှာထားရတဲ့ပိုက်ဆံ​လေးနဲ့ကိုယ်တိုင်​စျေးသွားဝယ်ကာချက်ပြုတ်ထားမိသည်။ဒါဟာStar​ပြောဖူးတဲ့ကိုယ့်ခွန်ကိုယ့်အားနဲ့ကြိုးစားလို့ရတဲ့အရသာမျိုးထင်တယ်.......

💙Blur💙(Completed)Onde as histórias ganham vida. Descobre agora