💙Blur 10💙

2K 255 44
                                    

"​နောင်​လေး​​ကျောင်းသွား​တော့မလား"

"ဟုတ်ကိုကို"

ဒီဒီထွဋ်​ခေါင်အခန်းထဲမှမျက်ရည်​တွေပြည့်​နေ​သောစိတ်မ​ကောင်းဟန်မျက်နှာ​လေးနှင့်ထွက်လာ​သော​ကောင်​လေးကို​ထွဋ်ဝင်းမေးလိုက်သည်။

"ကိုကိုလိုက်ပို့​ပေးမယ်"

"ဟုတ်"

"လာပါက​လေးရဲ့မငိုနဲ့​တော့...အဆင်​ပြေသွားမှာပါ..."

ရင်ထဲကမပါစွာထို​ကောင်​လေးကိုပခုံးဖက်ပြီးကြင်ကြင်နာနာနှစ်သိမ့်၍​ကျောင်းလိုက်ပို့ရန်​ခေါ်ရ​လေသည်။အခန်းထဲမှာ​တော့မိုး​​သောက်တစ်​ယောက်သာငို၍ကျန်​နေခဲ့​လေသည်။

စိုင်း​နောင်ကို​ကျောင်းလိုက်ပို့ပြီး​တော့သူလည်းအလုပ်သို့ထွက်လာခဲ့​လေသည်။လမ်းတစ်​လျှောက်လည်းတစ်​နေ့လုံးဘယ်လိုအချိန်ဖြုန်းရမလဲစဥ်းစားရင်း..ဒီ​နေ့​တော့​သေချာ​ပေါက်အိမ်ပြန်​နောက်ကျရမည်မဟုတ်လား.....

ထွဋ်​ခေါင်မှာလည်းအလုပ်​ရောက်ကတည်းကအိမ်သို့သာပြန်ချင်​နေရသည်။အိမ်မှာဟို​ကောင်​လေးတစ်​ယောက်တည်းကျန်​နေခဲ့သည်မလား.....ဒီ​နေ့ကcompanyရဲ့တရားဝင်အ​မွေဆက်ခံသူအဖြစ်​ကြေညာမည့်​နေ့​ပေမို့​သေချာ​ပေါက်မဖြစ်မ​နေcompanyသို့လာရခြင်းသာ....

"ကိုကြီး"

"ညီ..လာ​လေ"

"ဦးစိုင်း​နောင်ရဲ့ကိစ္စကသက်​သေ​တွေရခဲ့ပြီလား"

"အင်းရ​တော့ရပြီ။companyက​ရှယ်ယာအချို့ကိုပြန်​ရောင်းတဲ့ဟာက​တော့သက်​​သေမရှိ​သေးဘူး...ပြီး​တော့ယာဥ်တိုက်မှုကStar..sorryမိုး​သောက်ကြယ်ဆိုတဲ့​ကောင်​လေးရဲ့မိဘ​တွေကိုသက်​​သေထွက်ဆိုခိုင်းရင်ရပြီ......."

"အယ့်​ကောင်​လေးကိုကိုကြီးသိ​နေခဲ့တယ်မလား"

"အင်း...ကိုကြီးမြန်မာပြည်ကိုတိတ်တိတ်​လေးပြန်​ရောက်​နေတာ၃လ​​​လောက်ရှိပြီ..ကိုကြီးပြန်​ရောက်​တော့မာမီတို့ကိစ္စကို​သေချာစုံစမ်းချင်လို့အယ့်​ကောင်​လေးအိမ်ကိုတန်းသွားတာ...ဦး​အောင်ရဲ့လူ​တွေနဲ့​တွေ့ပြီး​ရှောင်ရင်းက​နေထိခိုက်မိပြီးမှသူ့ဆီ​ရောက်သွားတာ။ကိုကြီးကထင်ထားသလိုဖြစ်မလာလို့သူ့အိမ်မှာပဲခဏ​ရှောင်​နေလိုက်တာ...ခုအကင်းပါးတဲ့အဖိုးကြီးကသိသွားပြီဆို​တော့အယ့်​ကောင်​လေးကို​ခေါ်လာတာ...ကိုကြီးကိုနိုင်ကွက်ရှာဖို့..."

💙Blur💙(Completed)Where stories live. Discover now