💙Blur 2💙

3.1K 310 24
                                    

​ဖေ​ဖေနဲ့​မေ​မေအိမ်မှာမရှိ​တော့တာ၁ပတ်
၁ပတ်ဆိုတဲ့အချိန်အတွင်းမှာ​တောင်သူ့ဘဝဟာမလွယ်ကူခဲ့....​ဖေ​ဖေ့ကျေးဇူးနဲ့​ဖေ​ဖေလခရတုန်းက၂လစာစုပြီးဝယ်ထား​​သောထမင်းအိုး​လေးနဲ့ထမင်းဖြစ်ရုံသာတည်ထား​သောဆန်သည်တစ်ချို့ရက်​တွေမှာ​ပျော့ပြီးတစ်ချို့ရက်​တွေမှာမာ​နေတက်​သေးသည်.....ဒီ​နေ့နဲ့မနက်ဖြန်စာပြီးရင်အိမ်မှာရှိတဲ့အ​ခြောက်အခြမ်း​တွေလည်းကုန်ပြီမို့သူ့တစ်ခုခုလုပ်ရမည်......​တွေး​နေတာသည်အလုပ်မဖြစ်လက်​တွေ့အ​ကောင်အထည်​ဖော်ရမည်ဆိုပြီးအနီးနားကလက်ဖက်ရည်ဆိုင်​လေး​တွေမှာအလုပ်​လေး​ပေးဖို့​ပြော​တော့သူတို့မိသားစုအ​ကြောင်းကိုသိနေကြ​သောလူ​တွေမို့မရိုက်ရုံတမယ်သာနှင်ထုတ်ကြသည်......အနီးနားတွင်​တော့ဘယ်လိုမှအလုပ်မရနိုင်တာမို့ကားလမ်းမ​ပေါ်တက်ကာအလုပ်ရှာမိသည်....သူတို့ရပ်ကွပ်​လေးသည်ရပ်ကွက်အ​သေး​လေးဖြစ်သည်မို့လမ်းကြိုလမ်းကြား​လေး​တွေကြားမှကားလမ်းမရောက်​အောင်သွားရ​လေသည်....လမ်းတစ်​လျှောက်သူ့ကိုမှတ်မိတဲ့လူတိုင်းကရွံရှာ​သောအကြည့်​တွေနဲ့ကြည့်ကြတာ​ကြောင့်ရင်​တွေနာရသည်....ဖြစ်နိုင်ရင်သူ့အ​ဖေနဲ့အ​မေဟာဒီလိုလူမျိုး​တွေမဟုတ်ပါဘူးလို့တစ်​လောကလုံးကို​အော်​ပြောလိုက်ချင်ပါရဲ့....သို့​သော်မည်သူကယုံမည်နည်း...အခန့်မသင့်ရင်သူ့ကိုပါရူးသွားပါသည်ဟုလီဆယ်ကြကာအရူး​ထောင်ပို့လိုက်နိုင်သည်မလား​လေ......​ကြောက်တယ်..ဒီ​လောကကြီးထဲမှာလူ​တွေအ​ကြောင်းမသိဘဲရှင်သန်ရမှာ​ကြောက်တယ်....ဘာအပြစ်မှမကျူးလွန်ခဲ့ပါဘဲနဲ့သူ့ကိုရွံ့မုန်း​နေကြတဲ့ပတ်ဝန်းကျင်ကို​ကြောက်တယ်...တစ်​ယောက်ထဲရင်ဆိုင်ရမယ့်သူ့​ရှေ့​ရေးကိုလည်း​တွေးပြီး​ကြောက်တယ်...လူ့အသက်ဆိုတာလွယ်လွယ်နဲ့အဖိုးဖြတ်လို့ရခဲ့ရင်သူဒီ​လောကကြီးကိုနှုတ်ဆက်သွားလိုက်ချင်တယ်.......

အ​တွေး​တွေကိုဖြတ်ကာလမ်းမတန်းကဆိုင်တစ်ဆိုင်..အတိအကျဆိုရရင်အရက်ဆိုင်ထဲသို့ဝင်ကာစားပွဲထိုး​နေရာအတွက်​မေးမိသည်.....​ရေးတက်ဖတ်တက်တာဒီ​နေရာတွင်​တော့အလုပ်ဖြစ်သည်ထင်...​ကောင်တာထိုင်ရသည့်အလုပ်က​လေးရသည်...လစာ​လေးကလည်း၆၀၀၀၀ဆို​တော့သူ့တစ်​ယောက်စာအတွက်​​တော့​ကောင်း​ကောင်း​လောက်သည်...​ပျော်လွန်းလို့ဆိုင်ရှင်ကိုမရှီခိုးရုံတမယ်သာ​ကျေးဇူးတင်ခဲ့ရသည်.....

💙Blur💙(Completed)Where stories live. Discover now