💙Blur 19💙

2K 243 28
                                    

"တီး....တီး...."

ကားဟွန်း၂ချက်တီးသံ​နောက်မှာအိမ်ထဲမှလက်က​လေးတစ်​ချောင်းကခဏဆိုသည့်ပုံနှင့်အချက်ပြဟန်ထွက်လာ​လေသည်....

ထိုလက်က​လေးကိုကြည့်ကာထွဋ်​ခေါင်တစ်​ယောက်အသည်းတယားပြုံးလိုက်မိ၏....​တွေ့လားလက်က​လေးက​တောင်ပြုံး​အောင်လုပ်နိုင်စွမ်းပါတယ်ဆို....

ခဏကြာ​တော့​ဘောက်ဆက်​ဘောက်ဆက်​လေးနဲ့သူ့ကား​ပေါ်သို့တက်လာ​သော​ကောင်ငယ်​လေး......

"သွားလို့ရပါပြီလားခဗျ"

"ရပြီ..​မောင်း​တော့"

မျက်နှာ​လေးကိုချီဝင့်ပြီး​ပြောပုံကိုကအူယားစရာ...

"ဟို​လေ...အာဘွား​လေးမ​ပေး​တော့ဘူးလား"

"ဘာလို့​ပေးရမှာလဲ...ဘာဆိုင်လို့လဲ..."

"ကိုယ်ကအခုStarရဲ့ချစ်သူ​လေကွာ..."

"အာမသိဘူး...မ​ပေးဘူး...​မောင်း​တော့"

မိုး​သောက်​ခေါင်း​လေးခါကာ​ပြော​တော့ထွဋ်​ခေါင်ကစိတ်မ​ကောင်းဖြစ်သွားဟန်ကားကိုသာစက်နှိုး၍စတင်ထွက်ခွာလိုက်သည်.....သက်ပြင်း​တွေကလည်းတချချနှင့်......

မိုး​သောက်တစ်​ယောက်သူ့​ဘေးကလူကြီးကိုကြည့်ကာရယ်ချင်လာရသည်....ဘယ့်နှယ့်က​လေးကျလို့....စူပုတ်ပြီးကား​မောင်း​နေလိုက်တာများ.....

ထွဋ်​ခေါင်၏ပုံကိုသ​ဘောကျစွာကြည့်ရင်းမီးပွိုင့်မိတုန်းခါးပတ်​လေးကိုအသာ​လေးချွတ်ကာပါး​ပေါ်သို့ဖြတ်ကနဲနမ်းလိုက်သည်....ထိုအခါပါးစပ်ကြီးကနားရွတ်တက်ချိတ်မတက်ပြုံး၍ပါးကိုကိုင်ကာမိုး​သောက်အားရွှန်းရွှန်းစားစားကြည့်​နေ​သောသူ.....

"​မောင်း​လေ...ကား​တွေထွက်​နေပြီ"

"ဟင်...အင်းအင်း...ဟားဟား...ဟားဟားဟား...."

မိုး​သောက်ကကားကို​မောင်းခိုင်း​တော့သ​ဘောတကျနှင့်တဟားဟား​အော်ရယ်ပြန်သည်...

"အယ်"

ရူးများသွား​လေသလား​လေ...ထွဋ်​ခေါင်၏ပုံစံကိုကြည့်ကာမိုး​သောက်ပါလိုက်ပြုံးမိ​လေရဲ့...တစ်လမ်းလုံးပြုံးကာရယ်ကာနှင့်ကား​​မောင်းရင်း​ဆေးရုံသို့ရောက်လာကြ​လေသည်.....

💙Blur💙(Completed)Where stories live. Discover now