💙Blur 18💙

2.1K 254 44
                                    

ထွဋ်​ခေါင်ကား​လေးကို မိုး​သောက်တို့အိမ်ရှိရာဘက်သို့လှည့်လိုက်သည်။လမ်းကျဥ်း​လေး​တွေမို့ကားဝင်ရခက်လှသည့်အတွက်​ချွေးပြန်​အောင်​မောင်း၍ဝင်ရသည်။

ဒီ​နေ့​ရော​တွေ့ဖို့ငြင်း​လေဦးမလားက​လေးငယ်....ဒီ​နေ့ကိုယ်အရမ်းပင်ပန်း​နေတာမို့ထွက်​တွေ့လှည့်ပါလားက​လေးငယ်.....

ဘယ်တုန်းကဒီ​လောက်ချစ်မိသွားတယ်မသိ​ပေမယ့်​သေချာတာတစ်ခုက​တော့ဒီ​ကောင်​လေးကိုနှစ်နှစ်ကာကာချစ်မိ​နေခဲ့ပြီ။​ကောင်​လေးတစ်​ယောက် မပြည့်စုံတဲ့​သာမာန်​ကောင်​လေးတစ်​ယောက်သည် သူ့အတွက်​တော့ပြည့်စုံတာထက်ကိုပို​နေခဲ့သည်။

မိုး​သောက်တို့အိမ်​ရှေ့​ရောက်​တော့ရပ်​နေကြ​နေရာဖြစ်နဲ့အိမ်ရဲ့မျက်​စောင်းထိုးဓါတ်တိုင်​​​ဘေးမှာကားကိုရပ်လိုက်သည်။သူ့ကားရပ်လိုက်သည့်အသံကြားသည်နှင့်မိုး​သောက်၏အ​ဖေနှင့်အ​မေမှာပြတင်း​ပေါက်က​လေး​တွေက​နေ​ချောင်း၍သူ့အားအားနာ​နေဟန်နှင့်သာပြုံး၍နှုတ်ဆက်​လေသည်။

ရပါတယ်ဆိုသည့်သ​ဘောဖြင့်​ခေါင်းညိတ်ပြ​တော့မှပြတင်း​ပေါက်က​နေ​ခေါင်း​လေး​တွေပြန်ဝင်သွားကြ​လေသည်......

အိမ်​လေးဟာအရင်လိုပျဥ်​ထောင်အိမ်​လေးမဟုတ်​တော့​ပေမယ့်အုတ်အိမ်လုံးလုံးလည်းမဖြစ်​သေးပြန်။မိုး​သောက်ကိုအိမ်မှာ​ခေါ်ထားတုန်းအိမ်​လေးကိုပြင်​ဆောက်​ပေး​ပေမယ့်မိုး​သောက်သိသွားတဲ့အခါလက်မခံနိုင်ဘူးဆိုတဲ့စကား​အောက်ပြင်​ဆောက်လို့မပြီး​သေးတဲ့အိမ်​လေးဟာပျဥ်​ထောင်တစ်ဝက်အုတ်တစ်ဝက်.......

ထုံးစံအတိုင်းကား​လေးကိုမှီကာအိမ်​လေးထဲလှမ်း​မျှော်ကြည့်ရင်းဒီ​နေ့​တော့ထွက်များ​​တွေ့​လေမလားဆိုတဲ့အ​တွေး​လေးနဲ့​မျှော်ရပြန်တယ်.......

နာရီဝက်​ရောက်သည့်တိုင်ထွက်မလာပါ​သောချစ်ရသူ....ဒီအချိန်မှာမင်းပခုံး​လေး​ပေါ်ကိုယ်မှီချင်တယ်၊ရင်ခွင်​သေး​သေး​လေးထဲမှာဝင်ပြီးပင်ပန်းရတာ​တွေ​​​ဖြေ​ဖျောက်ချင်တယ်....၁လ​တောင်ကိုယ့်ကိုအပြစ်​ပေးပြီးပြီပဲက​လေးငယ်...မလုံ​လောက်​​သေးဘူးလား.....

💙Blur💙(Completed)Where stories live. Discover now