💙Blur 16💙

2.1K 245 79
                                    

အချိန်အားဖြင့်မနက်ခင်း၂နာရီ....
ပွင့်လာ​သောတံခါးတစ်ချပ်​နောက်တွင်စိုင်း​နောင်၏အခန်းထဲဝင်လာသူကဦးစိုင်း​အောင်......

"သားငယ်...ထ...ထစမ်း...!"

သားဖြစ်သူ၏ကိုယ်လုံး​လေးကိုလှုပ်ရင်းအသံကိုကြိတ်ကာနှိုး​နေ​လေသည်....

"သားငယ်...ထလို့​ပြော​နေတယ်​လေ"

အသံကိုနဲနဲ​လေး​ဆောင့်​နှိုးလိူက်​တော့စိုင်း​နောင်ခဗျာမျက်လုံး​လေးပွတ်ရင်းထလာ​လေသည်....

"ပါပါး"

"ထစမ်းသားငယ်...အဝတ်တွေမြန်မြန်ထည့်သွားမယ်"

"ဘယ်လဲပါး"

"သားငယ်မင်းပါးကိုဘာလုပ်ထားလဲပါးသိ​​နေတယ်​နော်"

"ပါး..."

ဦးစိုင်း​အောင်စကား​ကြောင့်စိုင်း​နောင်​ခေါင်း​လေးငုံ့သွား​လေသည်....

"သား​တောင်းပန်ပါတယ်"

"ခုမှ​တောင်းပန်မ​နေနဲ့မြန်မြန်လုပ်ပါးတို့သွားရမယ်"

"ဘယ်လဲပါး...ထွက်​ပြေးမလို့လား..."

"ထွက်​ပြေးထာမဟုတ်ဘူးသားငယ်..ကိစ္စ​တွေပြီးလို့ထွက်သွားမှာ"

"ဟင့်အင်း...မသွားပါနဲ့ပါး...အပြစ်​တွေကိုဝန်ခံလိုက်ပါ...."

"သားငယ်..!မင်းကွာ..ကျစ်!"

ဦးစိုင်း​အောင်​ပြောပြီး​နောက်သားဖြစ်သူ၏လက်ကို​ဆောင့်ဆွဲကာအကျီ​တွေဘာ​တွေမထည့်​တော့ပဲအခန်းပြင်သို့ဆွဲ​ခေါ်လာ​လေ​တော့သည်.....

"ပါးမလုပ်ပါနဲ့ပါး..."

စိုင်း​နောင်လည်းသူ့အ​ဖေ၏လက်ကိုပြန်ရုန်းရင်းအခန်းပြင်ထိသားအဖနှစ်​ယောက်ရုန်းယင်းဆန်ခတ်ဖြစ်​နေ​လေသည်.....အလုံပိတ်အခန်း​တွေမို့​တော်ရုံအသံ​လောက်ကိုမကြားနိုင်ကြ....

"ဒီဒီစိုင်း​နောင်...မင်းငါ့သားမဟုတ်ဘူးလား"

"သားကပါးသားပါ...ခုလိုလုပ်ရတာကလည်းသားအ​ဖေကိုအဆုံးထိယုတ်မာတဲ့လူတစ်​ယောက်မဖြစ်​စေချင်လို့ပါပါးရယ်...ဝန်ခံလိုက်ပါ​နော်...."

💙Blur💙(Completed)Where stories live. Discover now