💙Blur 22💙

2.1K 223 17
                                    

တိတ်ဆိတ်​နေ​သောအခန်းကျဥ်း​လေးတစ်ခုထဲတွင်​ကောင်​လေးတစ်​ယောက်သည်ပြတင်း​ပေါက်က​လေးကို​ငေးရင်းထိုင်​နေ​လေသည်......

မ​နေ့ကသူ၏ချစ်ရသူ​ကောင်​လေးသည်​ဆေးကုသမှုခံယူရန်သူနဲ့​ရေခြား​မြေခြား​နေရာတစ်ခုသို့ထွက်သွားခဲ့သည်​လေ.....

​လေယာဥ်​ပေါ်တက်တာ​တောင်မျက်လုံး​တွေကိုစည်း​နှောင်ပြီးအကူအညီ​တွေနဲ့တက်သွားရ​​သောက​လေးငယ် နိုင်ငံရပ်ခြား​ဒေသတစ်ခုမှာအဆင်မှ​ပြေပါ့မလား...အဆင်​ပြေခဲ့ရင်​ရော သူ​လေး​ပြောခဲ့သလိုကိုယ့်ကို​မေ့ပစ်လိုက်​လေမလား.....

နှုတ်ဆက်ခွင့်​လေး​တောင်မရှိတာမို့ခပ်လှမ်းလှမ်းက​နေ​ငေးကြည့်​နေခဲ့ရ​ပေမယ့်၊က​လေး​လေးသာ​နေပြန်​​ကောင်းမယ်ဆိုရင်၊သာမာန်လူ​တွေလိုပြန်​ပျော်ရွှင်နိုင်မယ်ဆိုရင် အဆင်​ပြေပါတယ်ဆိုပြီးလွှတ်​ပေးခဲ့ရ​ပေမယ့် ဒီနှလုံးသားထဲအတိုင်းမသိနာကျင်ရတယ်
အကယ်၍များဒီဒီထွဋ်ဝင်းဆိုတဲ့ကိုယ့်လိုလူယုတ်မာ​ကောင်ကိုမမှတ်မိရင်​တောင် မင်းနဲ့အတူ၂နှစ်တာ​လောက်အတူရယ်​မောခဲ့တဲ့လူရွှင်​တော်​လေးကို​ရောမှတ်မိ​နေ​ပေးနိုင်မလားက​လေးငယ် ကိုယ်ကမင်းအနားမှာ​နေရဖို့တစ်သက်လုံးအတွက်​ပြောင်စပ်စပ်မိတ်ကပ်​တွေလိမ်းခြယ်ထားရမယ်ဆိုရင်​တောင် ဟာသ​တွေပဲ​ပြော​နေရမယ်ဆိုရင်​တောင် ဖြစ်တာမို့ အယ့်ဒီ့လူရွှင်​တော်​လေးကို​တော့ သတိရ​ပေး​နေနိုင်မလား......

ပိုင်ရှင်မဲ့သွား​သောကုတင်​လေးထက်​ကွေး​ကွေး​လေးလှဲရင်းစိုင်းနောင်​လေး၏အ​ငွေ့အသက်အပြည့်ရှိ​နေ​သော​ခေါင်းအုံး​လေးထက်မျက်မှာအပ်ရင်း နှလုံး​သွေး​တွေကိုထို​ခေါင်းအုံး​လေးထက်စီးဆင်း​စေခဲ့၏.....

​ဆေးရုံဝင်း၏အတွင်းထဲက​ပန်းခြံ​လေးထဲတွင်လည်း​ကောင်​လေးနှစ်​ယောက်နှင့်၁နှစ်အရွယ်က​လေး​လေးတစ်​ယောက်ဟာ​ခုံတန်း​လေးထက်ထိုင်​နေ​လေရဲ့.....

"စိုင်းအဆင်​ပြေပါ့မလား...ခဗျားသူငယ်ချင်းက​သေချာဂရုစိုက်ပါ့မလား"

မိုး​သောက်သည်က​လေး​လေးကိုပိုက်ချီထားကာမြူရင်း​ထွဋ်​ခေါင်အား​မေး​လေသည်....

💙Blur💙(Completed)Where stories live. Discover now