လူရွှင်တော်ဝတ်စုံလေးနဲ့မျက်နှာမှာမိတ်ကပ်ကိုလူရွှင်တော်များလိုခြယ်သထားသောထွဋ်ဝင်းသည်စိုင်းရှိရာဆေးရုံလေးသို့နေ့တိုင်းလာကာအဖော်ပြုပေးလေသည်....
အမှောင်ကမ္ဘာလေးထဲမှာသာပျော်အောင်နေရသောစိုင်းလေးဟာလည်းထိုလူရွှင်တော်လေးကိုသိပ်တွယ်တာနေခဲ့လေပြီ.....
"ကလေးလေး"
"ကိုကို လာပြီလား...မျှော်နေတာ"
သူ့အားပြုံးကာကုတင်ဘေးမှာမတ်တပ်လေးရပ်၍ဆီးကြိုနေပါသောကောင်လေးသည်ဝမ်းသာတကြီးခေါ်လေသည်....
"ကိုကိုနောက်ကျတယ်နော်"
"အင်းကားပိတ်နေလို့ပါ"
"လာလေကိုကို"
သူ့ကုတင်နားလေးကနေပဲအနားသို့လာရန်ခေါ်လေသောကောင်လေး....ခြေထောက်ကသံကြိုးလေးတွေကြောင့်သူလေးဟာကုတင်နားမှာသာမတ်တပ်လေးရပ်လို့.....
"ကလေးလေး"
"ဗျာ"
"အလင်းရောင်လေးမမြင်ချင်ဘူးလား"
စိုင်းနောင်လေးရှေ့ကိုသွားရပ်ကာမေးတော့ပြတင်းပေါက်ရှိရာဆီသို့မှန်း၍ဆွေးဆွေးလေးကြည့်ကာဖြေလေသည်....
"သိပ်မြင်ချင်တာပေါ့...ဒါပေမဲ့အလင်းရောင်ကိုမြင်ရဖို့အတွက်ဖြတ်သန်းရမယ့်မှန်တွေကိုကြောက်တယ် ...အလင်းရောင်ကနေတစ်ဆင့်ထင်ဟပ်လာမယ့်ပုံရိပ်တွေကိုအရမ်းကြောက်တယ်ကိုကို....သူတို့ကနောင့်ကိုထိတ်လန့်စေတယ်"
"ကိုကိုကူညီပေးရင်ရော...နောင်လေး..အဲ့လေ...ကလေးမကြောက်အောင်ကိုကိုကူညီပေးရင်ရော"
"......."
ထိုသို့ပြောတော့အသံလေးတိတ်ကာခေါင်းငုံ့သွားသောကလေးငယ်.....
"ဒီကိုလာ"
ကုတင်တစ်ဖက်ကိုခြေထောက်လေးချကာထိုင်နေသောကောင်လေးကိုပြတင်းပေါက်ရှိရာဘက်သို့မျက်နှာမူစေပြီကုတင်လေးပေါ်တွင်သာပြန်ထိုင်ခိုင်းလိုက်သည်.....
YOU ARE READING
💙Blur💙(Completed)
RomanceSometimes love is complicate Sometimes love is simple Complicate or simple is just a love,the prettiest thing all over the world and essential drug for human❤