💙Blur 12💙

1.9K 247 21
                                    

မနက်မိုးလင်း​နေထွက်စပြုချိန်တွင်ထွဋ်​ခေါင်နိုးလာ​လေသည်။မျက်လုံး​တွေကိုပွတ်ပြီးသန်းကာမျက်လုံးကိုဖွင့်လိုက်သည်။ထိုအခါသူ့မျက်နှာ​ပေါ်တွင်သူ့အားငုံ့မိုးကြည့်​နေပါ​သောမျက်လုံး​တောက်​တောက်​လေး​တွေ.......

"Star"

သတိလက်လွတ်နှင့်Starလို့​ခေါ်မိ​တော့ထို​ကောင်​လေးကသူ့အားပြုံးပြ​လေရဲ့...

"အကိုမလား....ဟင်.. ကိုစိုင်းဟုတ်တယ်မလား"

"ဘာ​တွေလာ​ပြော​နေတာလဲ...ဖယ်စမ်း"

သူ့အားငုံ့ကြည့်​နေတဲ့​ကောင်​လေးကို​ဆောင့်တွန်းလိုက်​တော့​နောက်သို့လန်ကျသွား​လေသည်....

"အကိုမလား...ကျွန်​​တော်သိပါတယ်...ညကကျွန်​​တော့်ကိုနမ်းလိုက်တယ်မလား"

ထို​ကောင်​လေး၏ပွင့်လင်းလှ​​သောစကား​ကြောင့်သူမျက်နှာ​တွေပါရဲသွားလိမ့်မည်ထင်.....

"ဘာ​တွေလာ​ပြော​နေတာလဲမိုး​သောက်ကြယ်"

"အကိုပါ...ကျွန်​​တော့်ကိုမလိမ်ပါနဲ့....အကိုမလား....ဟုတ်တယ်မလားဟင်"

သူ့အားကုတင်​ပေါ်မှထိုင်ကာ​မျှော်လင့်တကြီးကြည့်လျက်​မေး​နေပါ​သော​ကောင်​လေး......

"ဟုတ်တယ်...မင်း​ပြောသလိုပဲ"

"ဟင့်...ထင်သားပဲ...အကိုလို့...."

"အင့်...မင်းဘာလုပ်"သူ့အား​နောက်မှ​ပြေးဖက်လာ​သောထို​ကောင်​လေး

"​ကျေးဇူးတင်ပါတယ်မထားခဲ့လို့..​ကျေးဇူးတင်ပါတယ်ပြန်လာခဲ့​ပေးလို့...."

သူ့အားဖက်ကာငိုရှိုက်​နေပါ​သော​ကောင်​လေး....ကြင်နာလိုက်ချင်ပြီ၊ချစ်လိုက်ချင်ပြီ၊သို့​သော်အတားအဆီးများကရှိ​နေ​သေးသည်......

"လွှတ်စမ်း"

သူ့အားဖက်ထား​သောလက်​တွေကိုဖြုတ်ချကာ​အော်လိုက်​တော့မျက်ရည်​လေး​တွေအိလာပြန်သည်.....

"ဘာလို့လဲ...ဟင်..ကျွန်​တော်Star​လေအကိုရဲ့"

"မင်းဟာမင်းဘာဖြစ်ဖြစ်...ခုချိန်မှာမင်းကငါ့မိဘ​တွေကိုသတ်တဲ့တရားခံ​တွေရဲ့သားပဲ"

💙Blur💙(Completed)Where stories live. Discover now