💙Part 13💙

1.9K 246 49
                                    

စိုင်း​နောင်တစ်​ယောက်ထွဋ်​ခေါင်ပြန်မလာခင်အထိမိုး​သောက်ဆီ၌ငိုချင်းချ​နေ​လေရဲ့....ဘာဖြစ်လာလဲဆို​တော့လဲလုံးဝ​မေးလို့မရပါ​ချေ......​တော်​တော်ကြာငိုပြီးမှသာကိုယ့်အခန်းကိုယ်ပြန်သွား​လေရဲ့....

ထိုညကထွဋ်​ခေါင်လည်းအိမ်ပြန်​နောက်ကျလေသည်။မိုး​သောက်က​လေးက​တော့သူချစ်ရတဲ့အကိုနဲ့ဒီဒီထွဋ်​ခေါင်ဟာတစ်​ယောက်ထဲဆိုတာသိ​နေပြီမို့ချစ်ရသူအိမ်ပြန်မ​ရောက်မချင်းမအိပ်နိုင်။အခန်းထဲ၌သာအလုံပိတ်ပြတင်း​ပေါက်​လေးကို​ငေးရင်းထိုင်​စောင့်လို့.......

ပြတင်း​ပေါက်​လေးက​နေခြံတံခါးဝကိုကြည့်​နေစဥ်ဝင်လာ​သောကား​လေး​ကြောင့်မိုး​သောက်​ပျော်သွား​လေရဲ့.....

ခဏကြာ​တော့သူ့ချစ်ရသူဟာအခန်းထဲသို့ဝင်လာ​လေသည်။သို့​​သော်ဒယိမ်းဒယိုင်......

"အကို"

ယိုင်ထိုး​နေတဲ့ထွဋ်​ခေါင်ရဲ့ခန္ဓာကိုယ်ကို​ပြေးထိန်းလိုက်သည်....

"အကို...​သောက်လာတာလား..."

ထွဋ်​ခေါင်ရဲ့ခန္ဓာကိုယ်ကိုထိန်းကာကုတင်​ပေါ်သို့လှဲ​ပေးလိုက်သည်။ကုတင်​ပေါ်သို့လှဲ​ပေးပြီးသည့်တိုင်မိုး​​သောက်အားရီ​ဝေ​ဝေသာကြည့်နေပါ​သောထွဋ်​ခေါင်....

"အကိုတအားမူးလာတာပဲ...အိပ်​လိုက်​တော့​နော်"

သူ​ပြော​တော့သူ့အားရီ​ဝေ​ဝေသာကြည့်​နေ​သေးပါ​သောထွဋ်​ခေါင်.....

"Star"

"ဗျာ"

"လာပါဦး"

ကုတင်​ပေါ်က​နေလှမ်း​​ခေါ်​တော့အနားသို့သွားလိုက်ကာအစွန်း​လေးတွင်တင်​လေးလွှဲထိုင်လိုက်​လေသည်...

"မဟုတ်ဘူးဒီနား"

သူ့ရင်ဘတ်ကိုပုတ်ပြကာမိုး​​သောက်ကိုလည်းလက်​ကောက်ဝတ်က​နေဆွဲချလိုက်တာ​ကြောင့်ထွဋ်​ခေါင်ရင်ဘတ်​ပေါ်သို့​မှောက်ယက်​လေးကျသွား​လေသည်....

"အကို...ကျွန်​​တော်မိုး​သောက်​လေ...အကိုမုန်းတဲ့မိုး​သောက်...."

"အင်းသိတယ်"

"သိရင်လွှတ်ပါ"

"ဟင့်အင်း...မလွှတ်ဘူး...​သေ​လောက်​အောင်နာကျင်ရလည်းပဲဆွဲထားဦးမှာ"

💙Blur💙(Completed)Where stories live. Discover now