💙Blur 4💙

2.2K 274 20
                                    

စိုင်းတစ်​ယောက်မိုး​သောက်ပြတဲ့အတိုင်းမှို့​လေး​တွေကိုကိုင်ကာအဝတ်စထဲကိုသွပ်အဝတ်စ​လေး​ဖောင်းလာပြီးပြည့်သွားရင်အပ်​လေးနဲ့အ​ပေါက်​လေးကိုချုပ်နှင့်အလုပ်ရှုပ်လို့​နေသည်....စည်းလုံးခြင်းသည်အင်အားဆိုတဲ့အတိုင်းနှစ်ဦးသားအိမ်​ပေါက်ဝနား​လေးမှာထိုင်ပြီးတက်ညီလက်ညီနဲ့လုပ်လာလိုက်တာအခု၂၀​ကျော်​လောက်သာကျန်​တော့သည်....အချိန်အားဖြင့်လည်း၃နာရီ​​နေ့လည်စာပင်မစားရ​သေးကြ......

"Star"

"ဗျာ..ကိုစိုင်း"

"ဟို..မင်းဗိုက်မဆာဘူးလား..."

"ဗိုက်...အာဟုတ်သားရယ်...​တောင်းပန်ပါတယ်ကိုစိုင်းရယ်ကျွန်​တော်နာရီမကြည့်မိဘူး...ခဏပဲ​စောင့်​​နော်"

"အင်း"

သူ့အား​ပြောကာ​နောက်​ဖေးသို့သုတ်သုတ်သုတ်သုတ်နှင့်ဝင်သွား​သောမိုး​သောက်....ခဏကြာ​တော့​ဖောင်း​ဖောင်း​​ဖောက်​ဖောက်အသံ​တွေနဲ့အတူမိုး​သောက်ရဲ့အမယ်​လေး​အော်သံ​ပေါင်းများစွာ.....

အိမ်​ရှေ့ကိုအ​ညှော်​တွေ​​​တော်​တော်တက်လာပြီးမှမိုး​သောက်ကပန်းကန်​လေးသုံးချပ်ကိုကိုင်၍ထွက်လာ​လေသည်....

"ကိုစိုင်း...လာ..စားရ​အောင်"

စိုင်းလည်းဗိုက်ဆာလွန်း​နေတာ​ကြောင့်စားပွဲဝိုင်းနားထိုင်လိုက်သည်...

"ဟင်"

"ကိုစိုင်း...မကြိုက်လို့လား..."

"မကြိုက်တာ​တော့မဟုတ်ပါဘူး...ဒီတိုင်း.."

"ဒါ​လေးကကြက်ဥပြုတ်သုပ်ကြက်သွန်​လေးနဲ့.....ဒါ​လေးကကြက်ဥ​မွှေ​ကြော်...စား​နော်ကိုစိုင်း"

ကြက်ဥပန်းကန်​လေး​တွေကိုလက်ညှိုးထိုးကာဟင်းအမည်​တွေ​ပြောပြ​နေ​သော​ကောင်​လေး....

"အင်း...စားမယ်​နော်.."

စားမယ်ဆိုတာနှင့်စိုင်း၏ပန်းကန်ထဲသို့ကြက်ဥ​အမည်ပေါင်းများစွာကိုဦးဖယ်ကာခပ်ထည့်​လေသည်.....စိုင်းတစ်​ယောက်စားရမှာတွန့်ဆုတ်​နေတာ​တော့အမှန်ပင်ကြက်ဥဆိုတာမလိုအပ်ရင်အဆာ​ပြေ​တောင်မစားခဲ့...ခု​တော့ကြက်ဥကိုဟင်းလုပ်စားရ​ချေပြီ...မတက်နိုင်စားရ​ပေဦးမည်....

💙Blur💙(Completed)Where stories live. Discover now