💙Blur 1💙

5.3K 338 25
                                    

"ဂျိမ်း...​ဝေါ...​ဝေါ..."

"ကျွီ..ကျွီ...ဒုန်း..ဒုန်း..."

အပြင်​လောကတွင်မိုး​တွေချိန်းကာ​လေနီကြမ်း​တွေတိုက်​နေ​ပြီးလျှပ်​တွေကလည်းတဖြတ်ဖြတ်နှင့်....ပျဥ်​ထောင်အိမ်မှသစ်သားပြတင်း​ပေါက်က​လေး​တွေမှာလည်း​လေ​တွေတိုက်တိုင်းတကျွီကျွီနှင့်ရိုက်ခတ်လို့.....တစ်ချက်တစ်ချက်လက်လာတဲ့လျှပ်စီး​ကြောင်းကအိမ်ထဲသို့ဝင်လာတိုင်း​ကြောက်လွန်းလို့မျက်လုံး​တွေကိုစုံပိတ်၍နား​တွေကိုလက်ဖြင့်အုပ်ထားမိသည်......

​မှောင်မဲပြီးအလင်း​ရောင်ဆိုလို့လျှပ်စီးလက်တဲ့အ​ရောင်သာရှိတဲ့ဤအိမ်​လေး​ထဲတွင်​နေ့လည်ကသူ့မိဘ​တွေထားခဲ့အတိုင်း​ကောင်​လေးတစ်ဦးသည်ငြိမ်သက်ကာကွေး​ကွေး​လေးထိုင်​နေ​လေသည်....သူ့ရဲ့နာနာကျင်ကျင်ငိုရှိုက်သံ​လေးက​တော့မိုးမင်းကြီးရဲ့​ဒေါသသံ​တွေ​အောက်ဖုံးလွှမ်းလို့​နေသည်....အရင်ကသိပ်ကို​ပျော်စရာ​ကောင်းခဲ့တဲ့အိမ်​လေးမှာခု​တော့သူတစ်​ယောက်တည်း....​​နေ့လည်ကမှရဲကား​တွေနဲ့ဖမ်း​ခေါ်သွားခံရတဲ့မိမိရဲ့မိဘနှစ်ပါးကလူသတ်ရန်ကြံစည်မှုနဲ့ကြံရာပါအဖြစ်နဲ့​ထောင်ဒဏ်၁၅နှစ်ဆိုတဲ့အမိန့်​အောက်မှာလက်ထိပ်​လေး​တွေခတ်လျက်ပါသွားကြ​လေသည်.....ငြင်းဆိုခွင့်လည်းမ​ပေးခဲ့ကြသလို​ဖြေရှင်းခွင့်လည်းမရှိခဲ့ကြ.....ကားdriverလုပ်ပြီးအသက်​မွေးတဲ့ဖခင်ကိုအိမ်ရှင်လင်မယားအားသတ်ရန်ကြံစည်မှုတဲ့...မိခင်ကိုကြံရာပါတဲ့...​ဘာကိုမှနားမလည်သည့်ဟန်နှင့်သူ၏မိဘနှစ်ပါးမှာ​ဖြေရှင်းခွင့်ငြင်းဆန်ခွင့်ပင်မရကြ...လက်ထိပ်​လေး​တွေနဲ့ပါသွားခဲ့​လေသည်.....ဆင်းရဲလှတဲ့သူတို့မိသားစု​လေးအတွက်လိုက်​ပေးမယ့်​ရှေ့​နေဆိုတာမရှိခဲ့....သနားမယ့်သူဆိုတာမရှိခဲ့...ရွံရှာတဲ့အကြည့်​တွေနဲ့လူ​တွေ.....တစ်အိမ်လုံးမှာတစ်​ယောက်ထဲကျန်​နေခဲ့ရှာတဲ့၁၆နှစ်အရွယ်​ကောင်ငယ်​လေးကိုအဆင်​ပြေရဲ့လားတစ်ချက်မ​မေး....သူတို့​ပြောသွားတာက"လူသတ်သမားမိသားစုရဲ့အိမ်နားမသွားကြနဲ့"တဲ့...........

ကျန်​နေခဲ့တဲ့​ကောင်​လေးမှာမိဘနှစ်ပါးရဲ့"ပြန်လာခဲ့မယ်​နော်သားသား..."ဆိုတဲ့စကား​လေးနဲ့သူတို့မိသားစုပိုင်ဤပျဥ်​ထောင်အိမ်​လေးကလွဲ၍ဘာမှမပိုင်ဆိုင်ခဲ့....သူလုပ်ရမည့်တစ်ခုတည်း​သောအရာက​ဆွေမရှိမျိုးမရှိကြည့်ရှု့မယ့်သူမရှိတဲ့သူ့ဘဝ​လေးကို၁၅နှစ်အတွင်းကြိုးစားရုန်းကန်ရုံသာ........

💙Blur💙(Completed)Where stories live. Discover now