💙Blur 9💙

1.9K 247 35
                                    

စိုင်း​နောင်လည်းအိမ်ပြန်သွားတာမို့ မိုး​သောက်လည်းအိမ်သို့သာပြန်ခဲ့​လေသည်။
အိမ်​ရှေ့​ရောက်​​တော့ပိတ်ထား​သောဝါးတံခါး​လေးကိုဖွင့်ဝင်လာ​တော့ခါတိုင်းနဲ့မတူ​ပျောက်ဆုံး​နေ​သောဖိနပ်တစ်ရံ......

"အကို​ရေ...ကျွန်​​တော်ပြန်လာပြီ..."

"အကို"

​ဖြေသံမကြား​သောအိမ်​လေးထဲသို့တံခါးဖွင့်ကာဝင်သွားခဲ့သည်။​ယခင်ကအထုပ်​တွေနဲ့​နေရာယူခဲ့​သောဘုရားစင်နားကကွက်လပ်​လေးကပြောင်သလင်း​လို့....

"အကို...အကို....ကိုစိုင်း"

နှာ​ခေါင်း​ပေါက်​လောက်သာရှိ​သောအိမ်​လေးထဲတွင်အကို့နာမည်ကို​အော်​ခေါ်​နေခဲ့သည်။

"အကို​စျေးသွားတာဖြစ်မယ်"

ဟုတ်တယ်..အကို​စျေးသွားတာပဲ​နေမှာပါ...အကိုကငါ့ကိုဘယ်​လောက်​တောင်ဂရုစိုက်လိုက်လဲ...ဘာမှမ​ပြောဘဲနဲ့​တော့ထွက်မသွား​လောက်ပါဘူး....​နော်....

စကား​တွေကိုတစ်​ယောက်ထဲစိတ်ထဲမှ​ရေရွတ်​နေမိသည်......​ကျောင်းကပြန်လာတဲ့ဝတ်စုံ​လေး​တောင်မလဲနိုင်ဘဲအိမ်​ပေါက်ဝ​လေးတွင်ကျုံ့ကျုံ့​လေးထိုင်ကာ​စျေးခြင်း​တောင်း​လေးဆွဲလို့ပြန်လာမည့်စိုင်းကို​မျှော်​နေရှာပါ​​သောက​လေးငယ်....

​ခြေ​ထောက်​တွေထုံကျဥ်လာသည့်တိုင်..​နေ့အလင်း​ရောင်​လေးကတဖြည်းဖြည်း​ပျောက်ကွယ်သွားသည့်တိုင်....​မှောင်မဲသွား​သောအိမ်​လေးကိုမီးထမဖွင့်မိ...ပါးစပ်ကတရစပ်ရွတ်​နေတာ"အကို"တဲ့........

"​ခေါ်လာခဲ့"

ညလုံး​ပေါက်ထိုင်​နေရင်းအ​ပေါက်ဝ​လေးမှာတင်​မှေး​နေရာမှဆက်ခနဲဆွဲ​စောင့်ခံလိုက်ရတာ​ကြောင့်မိုး​သောက်လန့်နိုးလာရ​လေသည်။သူ့အားလက်​မောင်းရင်းမှဆွဲမ​နေ​သောလူနှစ်​ယောက်.....

"ဘာလုပ်တာလဲ"

"ပါးစပ်ပိတ်လိုက်.. အသံမထွက်​စေနဲ့"

"ကယ်ကြပါ...ကယ်ကြပါ...အု...အု.."

သူ့ပါးစပ်ထဲသို့လက်ကိုင်ပဝါစ​တွေလုံး​ထွေး၍ထိုးထည့်ပြန်သည်....
ထိုအချိန်စိတ်ထဲမှ​တောင့်တမိသူက​တော့"အကို"တဲ့​လေ.........

💙Blur💙(Completed)Opowieści tętniące życiem. Odkryj je teraz