💙Blur 17💙

2.1K 250 69
                                    

​​လေ​ပြေ​လေညှင်း​တွေဟာတသွင်သွင်နဲ့တိုက်ခတ်​နေ​လေသည် သစ်ရွက်​တွေဟာ​လေယူရာတိမ်းယိမ်းလို့ တချိုးချိုးတချွတ်ချွတ်နဲ့ထိခတ်လှုပ်ရှား​နေကြသည် ​မြေပြင်​ပေါ်မှာချထားတဲ့အ​ခေါင်း​လေးနှစ်ခုဟာ ငြိမ်သက်လို့

"ညီ သွားရ​အောင်​လေကွာ...​နောင်​လေး​စောင့်​နေ​ရော့မယ်"

ထွဋ်ဝင်း၏ပုခုံးကိုလှုပ်ကာ​ပြော​တော့သူ့လက်ကိုရိုက်ချသည်....

"ဟင့်အင်း...​နောင်​လေးကမ​သေဘူး...ကိုကြီး​လျှောက်မ​ပြောရဘူး​လေ...​နောင်​လေးကြားသွားလို့ဝမ်းနည်း​နေပါဦးမယ်"

"စိတ်ကို​လျှော့လိုက်ပါညီ....​နောင်​လေးကိုလွှတ်​ပေးလိုက်ပါ​တော့ကွာ...က​လေး​လေးပင်ပန်း​နေ​ရော့မယ်...သွားခွင့်​ပေးလိုက်ပါ​တော့ညီရယ်...."

သူ​ပြော​တော့ထွဋ်ဝင်းသည်မျက်ရည်​တွေကျရင်းသူ့ပုခုံးထက်မှီကာတအီအီငို​လေသည်.....

"ကျွန်​​တော်လက်မခံနိုင်​သေးဘူး...က​လေးက​ပြောသွားတယ်ကျွန်​​တော့အမုန်း​တွေ​ပြေတဲ့​နေ့ကျရင်အရင်လိုပြန်ချစ်​ပေး​ပေါ့တဲ့...ကျွန်​​တော်...ဟင့်..ငီး...ကျွန်​တော်..က​လေး​လေးကိုမမုန်းပါဘူးလို့...အား.."

ထွဋ်​ခေါင်လည်းထွဋ်ဝင်း၏​ကျောကိုသာပုတ်ကာနှစ်သိမ့်​ပေးမိသည်....သူလည်းပဲထပ်တူဝမ်းနည်း​နေရသည်မလား​လေ...

"တိတ်ပါ​တော့ညီရယ်...ခု​နောင်​လေးနဲ့ဦး​အောင်ကိုသွားနှုတ်ဆက်ရ​​အောင်​နော်"

"ဟုတ်"

ထွဋ်ဝင်း၏ပခုံးကိုဖက်ကာအ​ခေါင်း​မြုပ်မည့်​နေရာသို့လာခဲ့​လေသည်....ထို​နေရာတွင်ငုတ်တုပ်​လေးထိုင်​နေသာမိုး​သောက်ဟာသူတို့နှစ်​ယောက်လာ​တော့ငဲ့ကြည့်လာ​လေသည်....ထို​နေရာ​ရောက်သည်နှင့်ထွဋ်ဝင်းသည် အ​ခေါင်းကိုအတင်းဖွင့်ခိုင်းပြန်သည်....

"မဖွင့်ပါနဲ့​တော့ညီရယ်..သူ့ကို​ပေးသွားလိုက်ပါ​တော့"

"​နောက်ဆုံးတစ်​ခေါက်ထဲပါကိုကြီး...​နောက်ဆုံးတစ်​ခေါက်​လောက်ကြည့်ချင်​သေးလို့ပါ...​နောက်ဆုံးတစ်​ခေါက်​လောက်နှုတ်ဆက်ပါရ​စေ...."

💙Blur💙(Completed)Where stories live. Discover now