💙Blur 5💙

2.2K 252 21
                                    

မနက်ခင်းရဲ့အလင်း​ရောင်​​လေးနဲ့အတူငှက်က​လေး​တွေရဲ့မြည်တမ်းသံ​လေး​တွေရဲ့​အောက်မှာမို့အစ်​နေတဲ့မျက်လုံး​လေး၂စုံပွင့်လာခဲ့​လေသည်.....အိပ်ရာမှထထိုင်လိုက်ကာ​ဘေးကိုကြည့်​တော့ကြမ်းပြင်​ပေါ်တွင်​ကွေး​ကွေး​ကောက်​ကောက်နဲ့အိပ်​ပျော်​နေပါ​သောစိုင်းကို​တွေ့လိုက်ရသည်....တစ်ညလုံးကြမ်းပြင်မှာအိပ်ခဲ့သည့်ပုံပင်...

"ကိုစိုင်း"

"ကိုစိုင်း..."အသာအယာလှုပ်နှိုး​တော့မျက်လုံး​တွေပွင့်လာသည်.....

"Star"စိုင်းမျက်လုံးများပွင့်လာချိန်မိမိအားငုံ့မိုးကြည့်​နေ​သောစိုးရိမ်မှု​တွေနှင့်မျက်လုံးနီအစ်အစ်​လေး​တွေနှင့်အကြည့်ချင်းဆုံ​လေသည်......

"ကိုစိုင်းကြမ်းပြင်မှာမအိပ်နဲ့​လေ...​တောင့်​နေ​တော့မှာပဲ...ထနိုင်ရဲ့လား..."

"အင်းထနိုင်ပါတယ်...Star..မင်းအလုပ်မလုပ်နဲ့​​တော့"

"ဟင်"ရုတ်တရက်ကြီး​ပြောလာ​သောစကား​ကြောင့်အံ့သြရပြန်သည်....

"အကိုရှာ​ကျွေးမယ်...မင်း​ကျောင်းပဲတက်"

"အာ..မဟုတ်တာကြီးဗျာ..ကိုစိုင်းကဟိုပိုက်ဆံ​တွေနဲ့"

"မဟုတ်ဘူး...အကိုအရုပ်​တွေလုပ်မယ်​လေ...မင်းဟိုတစ်ခါယူလာတာ..."

"အကိုရာဘာစိတ်ကူး​ပေါက်ပြန်ပြီလဲ"

"အကိုတကယ်​ပြောတာStarအကို့စကားကိုတစ်ခါပဲနား​ထောင်​ပေးပါ...."

"ဒါ​ပေမဲ့ကိုစိုင်းရာ"

"Please Star..ငါ့ကိုမင်းအကိုလိုသ​ဘောထားတယ်ဆိုအကို​ပြောတာကိုလက်ခံပါ..."

"အယ့်တာဆိုဟိုဆိုင်ကို​တော့မသွား​တော့ဘူး...အရုပ်​လေး​တွေ​တော့ကူလုပ်ခွင့်​ပေး..သ​ဘောတူလား"

"အင်း...သ​​ဘောတူတယ်"

"အာ့ဆိုထ...ကျွန်​တော်မနက်စာသွားဝယ်လိုက်ဦးမယ်"

"အင်း..."

မိုးလင်းတာနဲ့အထူးအဆန်းစကား​တွေ​ပြော​နေ​သောကိုစိုင်း​ကြောင့်မိုး​သောက်အံ့သြရ​လေသည်...မ​နေ့ကသူ့အဖြစ်ကိုနား​ထောင်ပြီးသနားသွားလို့များလား​လေ.....

💙Blur💙(Completed)Where stories live. Discover now