💙Blur 7💙

2K 246 44
                                    

စိုင်း​နောင်နှင့်ထွဋ်ဝင်းတို့အိမ်​ရောက်​တော့​အောက်ထပ်တွင်လူတစ်​ယောက်သည်ခန့်ညားစွာထိုင်​နေ​လေသည်။

"ပါး.."ထိုသူက​တော့စိုင်း​နောင်၏ဖခင်ဦးဒီဒီစိုင်း​အောင်။

"သားငယ်...ဘာဖြစ်လာပြန်တာလဲ"

"ဘာမှမဟုတ်ပါဘူးပါးရဲ့...ဘယ်ကမှန်းမသိတဲ့သူကသားကိုရန်လာရှာလို့နဲနဲဖြစ်လိုက်တာ"

"သတိထားမှ​ပေါ့သားငယ်ရယ်"

"ကိုကိုရှိ​နေလို့​ပေါ့...နို့မို့ဆိုမလွယ်ဘူးပါးရဲ့"

"​အေးကွယ်...တူငယ်လည်းဒီက​လေး​​ကြောင့်ဒုက္ခ​ရောက်ရပြန်ပြီ"

"ရပါတယ်ဦး​အောင်...ကျွန်​တော်အ​ပေါ်တက်​တော့မယ်​​နော်"

"အင်းအင်း...ငါ့တူ"

အိမ်ကြီး၏ဘယ်ဘက်ခြမ်းကခမ်းနား​သော​လှေကားကြီးမှတစ်ဆင့်အ​ပေါ်သို့တစ်လှမ်းချင်းတက်သွား​လေသည်။အလုပ်သွား​နေရချိန်​တွေဆို​တော်​သေးသည်။တခြားအချိန်​တွေဆိုရင်​တော့ဒီအိမ်ကြီးထဲမှာအယ့်ဒီ့သားအဖနှင့်​လေ​တောင်တူတူမရှုချင်မိ........

​အောက်တွင်ကျန်ခဲ့​သောဦးစိုင်း​အောင်မှာလည်းထွဋ်ဝင်း၏​ကျောပြင်ကိုကြည့်၍​အေးစက်စွာပြုံးလျက် .........

"Star​ရေ..Star"

"နိုးပြီအကို"

​မေ​မေရှိစဥ်တုန်းကလိုသူ့အား​အော်နှိုးမည့်သူရှိ​နေပြီဖြစ်တဲ့အတွက်မိုး​သောက်တစ်​ယောက်အိပ်ပုတ်လေးပြန်ဖြစ်လို့​နေ​လေပြီ။

အိပ်ရာ​တွေ​ခေါက်သိမ်းပြီး​ရေလဲပုဆိုး​လေးယူကာအိမ်​ရှေ့​ရေကပျဥ်သို့ထွက်လိုက်သည်။

စိုင်းတစ်​ယောက်အိပ်ချင်မူးတူးရုပ်​လေးနှင့်​ကောင်​လေးကိုမနက်စာပြင်ရင်းလိုက်ကြည့်​နေ​လေသည်။ညညဆိုအိပ်ပါဆိုမအိပ်ဘဲသူ့ကိုအရုပ်​တွေသွပ်ကူသည်။

"Starမြန်မြန်ချိုး​နော်"

"ဟုတ်အကို"

​​ကျောက်ဆည်ကြီးထဲမှ​ရေကိုတဝုန်းဝုန်း​လောင်းချိုးကာမျက်လုံးကျယ်​အောင်လုပ်ပြီးမှမျက်နှာသစ်သွားတိုက်လိုက်သည်။အ​ပေါ်တက်ကာအကျီအဝတ်အစားလဲပြီးမှအိမ်​ရှေ့ပြန်ထွက်လာ​တော့မနက်စာကအဆင်သင့်......​ကျောင်းတက်ကတည်းက​သေချာဂရုစိုက်လုပ်ကိုင်​ပေး​နေ​သောကိုစိုင်း​ကြောင့်အား​တောင်နာလာရသည်။ခုအ​ခြေအ​နေကကိုယ်ကဧည့်သည်အကိုကအိမ်ရှင်လိုဖြစ်​နေသည်မဟုတ်လား​လေ.....

💙Blur💙(Completed)Where stories live. Discover now