💙Blur 14💙

2K 248 67
                                    

ထွဋ်​ခေါင်နိုးလာ​တော့ခန္ဓာ​ကိုယ်ပေါ်ကခပ်​လေး​လေးခံစားမှု​ကြောင့်အသက်ကိုပြင်းပြင်းရှုလိုက်ရင်းမျက်လုံးဖွင့်ကြည့်လိုက်သည်....အရင်ဆုံးမြင်ရတာကဖွာစုပ်စုပ်လေး​တွေဖြစ်​နေတဲ့ဆံပင်​လေး​တွေ.....

​နောက်​တော့ရင်ဘတ်​ပေါ်ကခပ်အိအိအထိအ​တွေ့​လေးကိုခံစားမိတာ​ကြောင့်ပြုံးလိုက်၏သူ့ရင်ဘတ်​ပေါ်ပါး​လေး​တွေအပ်လို့အိပ်​နေပါ​သော​ကောင်​လေး....

မထ​သေးပဲထိုဖွာကျဲကျဲနဲ့စင်း​နေတဲ့ဆံပင်​လေး​တွေထဲကိုလက်​လေးအသာထိုးကာသပ်တင်​ပေးလိုက်သည်..ပြီး​နောက်ဂလန်ဂလားအရပ်ကြီးကိုရ​အောင်​ကွေးကာနဖူး​လေးကိုအသာအယာငုံ့ပြီးခိုးနမ်းဖို့လည်းမ​မေ့မိ.....

ခဏ​လောက်​နေမှခန္ဓာကိုယ်​ပေါ်က​ကောင်​လေးကလှုပ်လိလှုပ်လဲ့​လေးနဲ့နိုးလာ​တာ​ကြောင့်အိပ်ချင်​ယောင်ပြန်​ဆောင်​နေလိုက်သည်....ထို​ကောင်​လေးက​တော့သူမနိုး​သေးဘူးအထင်နဲ့သူ့ရင်ဘတ်​ပေါ်က​နေမဆင်း​သေးဘဲရင်ဘတ်ကို​မေး​ထောက်လို့​မှောက်ယက်​လေးသူ့အားကြည့်​နေ​လေရဲ့........

ဒါဟာကျား​ရှေ့​မှောက်ယက်လဲခြင်းမျိုးမဟုတ်ပါ။ကျား​ပေါ်​မှောက်ယက်တက်အိပ်​နေခြင်းသာ......

ဒါတင်လားဆို​တော့မဟုတ်...သူ့​မေး​စေ့​လေးကိုပါဖျက်ခနဲနမ်းလိုက်တာ​ကြောင့်ကြည်နူးပြီး​ပျော်ရွှင်လာတဲ့စိတ်အစဥ်ကအိပ်ချင်​ယောင်​ဆောင်ရန်ပင်မစွမ်းသာနိုင်​တော့....

မျက်လုံးကိုဖျက်ခနဲဖွင့်လိုက်​တော့သူ့အားအလန့်တကြားကြည့်ရှာတဲ့ကြယ်​ရောင်​တောက်​နေတဲ့မျက်လုံးပိုင်ရှင်​ကောင်​လေးနဲ့အကြည့်ချင်းဆုံ​လေသည်....

ထို​ကောင်​လေးကိုဆက်ကနဲ​ဆောင့်တွန်းပြီး​ရေချိုးခန်းထဲသို့​မ​ပြေးရုံတမယ်ဝင်လာခဲ့သည်...​ရေချိုးခန်းထဲ​ရောက်​တော့​မေး​စေ့​လေးကိုကိုင်ကာပြုံးမိ​လေရဲ့....သို့​သော်အပြင်က​​ကောင်​လေးက​တော့သူ့လုပ်ရပ်ကိုမကြိုက်လို့​ဆောင့်တွန်းသွားတယ်လို့ယူဆလျက်မျက်ရည်​လေး​တွေဝဲလို့​ပေါ့.....

ထွဋ်​ခေါင်မှာလည်းဒီ​ကောင်​လေး​ကြောင့်ဖြစ်လာတဲ့morning case​တွေဟာ​နေ့တိုင်းနီးပါးပင်....

💙Blur💙(Completed)Where stories live. Discover now