💙Blur 8💙

1.9K 247 40
                                    

"Star​နောက်ကျလိုက်တာကွာအိမ်ပြန်လာတာ"

"ဟုတ်တယ်အကိုရဲ့....သူငယ်ချင်းကသူ့အိမ်အလည်ဖိတ်လို့"

"သူငယ်ချင်း"

"ဟုတ်...ဒီဒီစိုင်း​နောင်​လေ"

"သူ့အိမ်လိုက်သွားတာလား"

"ဟုတ်...ဘာလို့လဲ"

"ဘာမှမဟုတ်ပါဘူး...ပင်ပန်းလာပြီမလား...​ရေချိုးဦးမလား..."

"​ခြေလက်ပဲ​ဆေး​တော့မယ်"

"အင်းအင်းသွား..."

"ဟုတ်"

မိုး​သောက်တစ်​ယောက်အိမ်ထဲသို့ဝင်သွားကာ​နောက်​ဖေး​ရေကပျဥ်မှာပဲ​ခြေလက်​ဆေးကာအိမ်​ရှေ့မှာထိုင်​ကာအရုပ်​တွေချုပ်​နေသောစိုင်းအနားသို့​ရောက်လာ​လေသည်......

"အကို"

"ဟင်"

"အကို့ညီကိုမရှာရ​သေးဘူးလား"

"ရှာ​နေပါတယ်....မြို့ကျယ်ကြီးဆို​တော့ရှာရခက်တာ​ပေါ့"

"အကို့ညီကိုရှာ​တွေ့သွားရင်ကျွန်​တော့်ကိုထားခဲ့မှာလား"

"မထားခဲ့ပါဘူး...အကိုမင်းကိုအမြဲ​စောင့်​ရှောက်မှာ"

မျက်​တောင်ရှည်​အောက်ကဆွဲ​ဆောင်မှုရှိလှတဲ့မီးခိုး​ရောင်မျက်လုံး​တွေနဲ့စူးရှရှစိုက်ကြည့်ကာ​ပြောလာတာ​ကြောင့်မိုး​သောက်မှာဘာမဆိုင်ညာမဆိုင်ကြက်သီး​လေးများပင်ထသွားရ​လေသည်။​နေရခက်စွာစကားလမ်း​ကြောင်းလွှဲလိုက်​လေသည်....

"အကိုသိလား...စိုင်းရဲ့အကိုကအကို့လိုပဲမီးခိုး​ရောင်မျက်လုံး​တွေ..."

"ဟုတ်လား..."

"အင်း...သူ့အ​​ဖေနဲ့လည်း​တွေ့ခဲ့တယ်။အယ့်ဒီ့ဦး​လေးကသ​ဘော​တော့​ကောင်းပါတယ်။စိုင်းလည်းအယ့်ဒီ့ဦးကိုတူတာဖြစ်မယ်သိလား"

"သူ့အ​ဖေနဲ့​တွေ့ခဲ့တယ်ဟုတ်လား ....."

"အင်း....."

မိုး​​​သောက်၏စကားအဆုံးစိုင်းသည်ချက်ချင်းထကာအ​ပေါက်ဝနားသို့သွားပြီးအပြင်သို့​ဝေ့ဝိုက်ကြည့်လိုက်သည်။ထိုအခါတစ်ခါမှမမြင်ဘူး​သောmodelခပ်မြင့်မြင့်ဆိုင်ကယ်တစ်စီးအိမ်​ရှေ့မျက်​စောင်းထိုး​နေရာတွင်.......

💙Blur💙(Completed)Where stories live. Discover now