Arc_2.4

2.4K 314 7
                                    

"စတီဗ်...ဆူဆန်ကြောက်တယ်..ဟင့်"
ထိုအလောင်းများကို မြင်လိုက်ရသော ဆူဆန်သည် စတီဗင်ကို အတင်းကုတ်တွယ်ထားသည်။ အန်နာကတော့ သူတို့နှစ်ယောက်ကို စိုက်ကြည့်လိုက်၊ နံရံပေါ်ကနေ တွဲလောင်းကျနေသော အလောင်းများကို ကြည့်လိုက်ရင်းဖြင့် မျက်မှောင်ကြုတ်နေသည်။

"မကြောက်နဲ့နော်.. ကိုယ် မင်းနဲ့အတူရှိနေတယ်နော်။ အဲ့ဒါတွေကို သွားမကြည့်နဲ့။ ကိုယ့်ကိုပဲ ကြည့်နေ..ဟုတ်ပြီလား?"
စတီဗင်ဟာ ဆူဆန်၏ကျောကုန်းအား ခပ်ဖွဖွပွတ်ပေးရင်းဖြင့် နှစ်သိမ့်ပေးသည်။ ခဏကြာတော့ ဆူဆန်သည် အငိုရပ်သွားကာ တစ်ခုခုကို သတိရသွားသည်။ ဒါကြောင့် သူမ အကျီအိတ်ကပ်ထဲရှိ သူမဖုန်းကို ခပ်မြန်မြန် ထုတ်ကြည့်လိုက်တော့ သူမဖုန်းသည် ပွင့်လျက်သားဖြစ်နေသည်။

ထိုဖုန်းမျက်နှာပြင်ပေါ်တွင် သွေးနီရောင်စာသားများလည်း ရှိနေသည်။
<<သင်နှင့် သင့်သူငယ်ချင်းများကို သက်ဆိုင်ရာအခန်းအသီးသီးဆီ ပို့ဆောင်ပေးပါပြီ။>>

<<သင်အပါအဝင်၊ သင့်သူငယ်ချင်းများသည် သက်ဆိုင်ရာအခန်းထဲရှိ အရာများကို ရင်ဆိုင်ရမည်။>>

<<သင်တို့မှတ်ထားရမှာက ထိုအရာများ ပျောက်ကွယ်သွားမှသာ သင်တို့သည် ဒီကစားနည်းကို အောင်အောင်မြင်မြင် အနိုင်ရနိုင်မည်ဖြစ်သည်။>>

!! အသက်အန္တရာယ်ရှိတာမို့ အသေးစိတ်ကအစ သတိထားဖို့ရန် လိုအပ်ပါသည်။ !!

<< သင်နှင့် သင့်သူငယ်ချင်းများကို ဆက်သွယ်ခွင့်ပေးထားပါသည်။ >>

ဆူဆန်သည် ထိုစာသားများကို ဖတ်ပြီးနောက် တုန်ယင်လာရသည်။ ဘာတွေဖြစ်ကုန်တာလဲ? ဒါတို သူတို့အခုရောက်နေတဲ့နေရာက... ဒီကစားနည်းထဲမှာလား?
ဆူဆန် ရှုပ်ထွေးလာရသည်။ ဒါကြောင့် ဖြစ်ချင်ရာဖြစ်ဆိုကာ စတီဗင်ကို ဖုန်းထိုးပေးလိုက်သည်။

စတီဗင်ကတော့ အူကြောင်ကြောင်ဖြစ်သွားရသည်။ ဒါပေမယ့် ဆူဆန် ပေးလာသော ဖုန်းကို သတိလက်လွတ် ယူကြည့်မိတော့ ထိုစာသားများကို သူပါ မြင်လိုက်ရလေသည်။
"ဒါ..ဒါက?"
စတီဗင် အံ့သြရသည်။
"ဒါဆိုရင် ကိုယ်တို့ ဟိုသရဲအိမ်မှာ အကြောင်းအရင်းမရှိပဲ မေ့လဲရတဲ့အကြောင်းရင်းက ဒီဂိမ်းကြောင့်ပေါ့?"

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now