Arc_1 [The End]

4.7K 513 24
                                    

#Unicode

ဖရန့်စ်တို့ အမြန်နည်းဖြင့် ဟိုတယ်သို့ရောက်လာတော့ လူတွေကစုစုဝေးဝေးဖြစ်နေတာကို တွေ့လိုက်ရသည်။ လူစုကြီးက သူတို့နှင့်ခပ်ခွာခွာတွင်ရပ်နေသော ခန်းယောင်အား ကြောက်လန့်တကြားကြည့်နေကြလေသည်။

ဖရန့်စ်သည် အထဲသို့ဝင်သွားလိုက်တော့ လူအုပ်ကြီးနှင့်ခန်းယောင်သည် သူ့ဘက်လှည့်လာကြလေသည်။ ဖရန့်စ်ကို မြင်တော့ ခန်းယောင်၏မျက်နှာလေးသည် ပြုံးရွှင်သွားကာ ရှုမင်ကလည်း မျက်လုံးလေးများတောက်ပစွာဖြင့် ကြည့်လာသည်။
ဖရန့်စ်သည် စမ်းသပ်ခံနံပါတ်တစ်အား ထမ်းထားရင်းဖြင့် ခန်းယောင်ဆီလျှောက်သွားလိုက်၏။ ခန်းယောင်အနားရောက်တော့ ခန်းယောင်၏ဘေးတွင်ရှိနေသော အလောင်းအားကြည့်လိုက်၏။

ဟုတ်ပါ၏။ သန္ဓေပြောင်းကောင်မဟုတ်ပဲ လူစင်စစ်အလောင်းပင်ဖြစ်၏။ ဖရန့်စ်သည် ခန်းယောင်၏လက်မောင်းက ဒဏ်ရာနှင့် ခန်းယောင်၏လက်ထဲက ငွေဓားမြှောင်ကို တစ်ချက် ကြည့်လိုက်ရင်းဖြင့် အခြေအနေအားသိလိုက်သည်: ခန်းယောင်က သန္ဓေပြောင်းကောင်နဲ့တိုက်ခိုက်ရင်းနဲ့ သူ့လက်မောင်းကို ဓားနဲ့ခြစ်မိတယ်။ ဓားမှာလည်း သူ့သွေးပေသွားလိမ့်မယ်။ အဲ့ဓားနဲ့ပဲ သန္ဓေပြောင်းကောင်ကို တိုက်ခိုက်ခဲ့လိမ့်မယ်။ အဲ့တော့ သန္ဓေပြောင်းကောင်က သေသွားလိမ့်မယ်။ မသေခင်မှာ သူက ဖြေဆေးပါတဲ့ခန်းယောင်သွေးနဲ့ထိမိခဲ့တော့ လူသားပုံစံပြန်ပြောင်းသွားရတာဖြစ်တယ်။ အဲ့တော့ အလောင်းက လူအလောင်းပဲပေါ့။

ဖရန့်စ်သည် သူ့ပုခုံးပေါ်က စမ်းသပ်ခံနံပါတ်တစ်ကို အောက်ချလိုက်ကာ ခန်းယောင်၏ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လိုက်သည်။
"ခန်းယောင်...အဆင်ပြေရဲ့လား။"

ခန်းယောင်ပြန်ဖြေဖို့ ပါးစပ်ဟလိုက်ချိန်မှာပဲ ရှုမင်သည် ဖြတ်ပြော၏။
"အဲ့အကောင်က ဘာဖြစ်သွားတာလဲ။ ဒေါက်တာဖရန့်...ကျွန်တော်တို့တိုက်ခိုက်လိုက်မိတာက သန္ဓေပြောင်းကောင်မဟုတ်ဘူးလား"

ဖရန့်စ်မျက်မှောင်ကြုတ်သွားသည်: ဒီကောင်လေးတွေကို ဘယ်လိုရှင်းပြရမလဲ။ ခန်းယောင်ရဲ့သွေးက ဖြေဆေးဆိုတာကတော့ သူတို့ကို လုံးဝပြောလို့မဖြစ်ပေ။ ဘာလို့လဲဆိုတော့ ရှုမင်က တရားသူကြီးတစ်ယောက်ရဲ့သားတစ်ယောက်ဖြစ်နေလို့ပါပဲ။ ရှုမင်သာ အဲ့အကြောင်းကို သိသွားမယ်ဆိုရင် သူ့အဖေလည်းသိသွားမယ်။ အဲ့ဒါဆိုရင် ခန်းယောင်အတွက် အန္တရာယ်ရှိလာနိုင်တယ်။ သူ့ရဲ့အစီအစဥ်တွေလည်း ပျက်ကုန်လိမ့်မယ်။ အဲ့တော့...နည်းလမ်းက တစ်ခုပဲရှိတော့တယ်။..... သေဆုံးခြင်း....။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now