Arc_3.6

1.3K 211 3
                                    

ယနေ့မှာ စုံထောက်ဌာနက အော်ဒရေးတို့အဖွဲ့တော်တော်လေးအလုပ်ရှုပ်နေကြသည်။ အကြောင်းရင်းကတော့ နာမည်ကြီးကွန်ဒိုဟိုတယ်တစ်ခုမှာ လူတစ်ယောက်အသတ်ခံခဲ့ရတယ်ဆိုသည့် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့တာကြောင့်ပင်။

ဖုန်းခေါ်ဆိုသူဟာ မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူမ၏အသံဟာလည်း တုန်လှုပ်ခြောက်ခြားစရာဖြစ်ရပ်တစ်ခုခုကို တွေ့လိုက်ရသည့်နှယ်၊ တုန်ရီနေကာ ပြတ်တောင်းပြတ်တောင်းဖြစ်နေခဲ့သည်။

သို့သော်ငြား၊ ဤဖုန်းခေါ်ဆိုမှုဟာ နောက်ပြောင်ခြင်းလား၊ ဒါမှမဟုတ်၊ ဖြစ်ရပ်အမှန်လားဆိုတာကို အတည်ပြုဖို့ရန်အတွက် အော်ဒရေးတစ်ယောက် ထိုကွန်ဒိုဟိုတယ်ရှိ လုံခြုံရေးဝန်ထမ်းတစ်ချို့ကို ဆက်သွယ်ကာ လူသတ်မှုဖြစ်ပွားခဲ့တဲ့အခန်းကို သွားရောက်ကြည့်ရှုစေသည်။

ထို့နောက်တွင်တော့ စစ်ဆေးခဲ့တဲ့လုံခြုံရေးဝန်ထမ်းထဲမှ တစ်ယောက်က အော်ဒရေးကို ပြန်လည်အကြောင်းကြားခဲ့ပြီး အမြန်လာရောက်ဖို့ရန် ဖုန်းဆက်ခေါ်လေသည်။

ဒါကြောင့် အော်ဒရေးနှင့်ဌာနမှ အဖွဲ့သားတစ်ချို့တို့သည် ကွန်ဒိုဟိုတယ်ဆီ ထွက်လာခဲ့ကြသည်။

'ချလက်! ချလက်!'
မှုခင်းဓာတ်ပုံဆရာဟာ သေဆုံးသူ၏အလောင်းကို ရှုထောင့်အမျိုးမျိုးမှ ဓာတ်ပုံရယူနေသည်။

အော်ဒရေးက ကုတင်ပေါ်တွင် စောင်ကိုခြုံကာ တုန်ရီနေသော မိန်းကလေးနှင့် သူမ၏နံဘေးတွင် အကြံအိုက်နေပုံရသော လုံခြုံရေးဝန်ထမ်းနှစ်ယောက်ကိုကြည့်ကာ မေးလိုက်သည်။
"ဘာဖြစ်နေတာလဲ။"

"စုံထောက်ကြီးနဲ့ဖုန်းပြောပြီးနောက်မှာ ကျွန်တော်တို့ဒီအခန်းကို လာခဲ့ကြတော့ သူတို့နှစ်ယောက်ကို ဒီပုံစံနဲ့တွေ့တာပဲ။ သူမကိုကြည့်ရတာ တော်တော်လေးတုန်လှုပ်နေပုံရတယ်။ သူမသတ်လိုက်တာများဖြစ်နိုင်မလား။"
အော်ဒရေးအနားတွင်ရပ်နေသော လုံခြုံရေးဝန်ထမ်းခေါင်းဆောင်ကဖြေလိုက်သည်။

ကြမ်းပြင်ပေါ်တွင် လည်ပင်းပြတ်ရာဖြင့်သေဆုံးနေသော ယောကျ်ားအလောင်းကို အော်ဒရေးတစ်ချက်ကြည့်လိုက်သည်။ အလောင်း၏ပုံစံမှာလည်း ဝတ်လစ်စလစ်ဖြစ်နေတာကြောင့် ၎င်းတို့နှစ်ယောက်ချစ်တင်းနှောနေစဥ်အတွင်း၌ သေဆုံးသွားခဲ့တာဖြစ်ပေလိမ့်မည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now