Arc_1.4

4.4K 636 9
                                    

#Zawgyi

ဖရန့်စ်ပြောသည့်အကာအကွယ်ဆိုတာကတော့ ဒေါက်တာခန်းနှင့် မူလဖရန့်စ် ပူးပေါင်းတီထွင်ခဲ့သော သေနတ်များဖြစ်လေသည်။ ထိုသေနတ်တွေရှိသည့်အကြောင်းကိုလဲ Systemပြောတာကြောင့်သိခဲ့ရသည်လေ။ အခုလဲ သူတို့အားလုံးကို ဖရန့်စ်က ဦးဆောင်ပြီးတော့ ထိုလက်နက်တွေထားတဲ့အခန်းကို ခေါ်လာခဲ့သည်။ အိုး..အတိအကျပြောရရင် အရှေ့ကနေ လမ်းညွှန်ပေးနေတာကတော့ Systemပါပဲ။

ထိုလက်နက်ခန်းကို ရောက်တော့ ဖရန့်စ်က လက်ဗွေရာဖြင့် ဖွင့်ရပြန်သည်။ အခန်းတံခါးကိုလဲ ၃ဆင့်လောက်ဖွင့်ရသည်။ ပထမတစ်ဆင့် လက်ဗွေရာပြီးသွားတော့ ဒုတိယအဆင့်က မျက်ကြည်လွှာကိုscanဖတ်သည်။ နောက်ဆုံးအဆင့်ကတော့ အသံပင်။ ဒါကြောင့် ဖရန့်စ်က တံခါးရှေ့တွင်ရပ်လိုက်ကာ ပြောလိုက်သည်။
"ဒေါက်တာဖရန့်စ်"
ထိုအသံကို scanထပ်ဖတ်ပြီးနောက်တွင်တော့ တံခါးက ဝုန်းခနဲ ပွင့်သွားလေသည်။

အနောက်က လိုက်လာကြသော စမ်းသပ်ခံတွေကတော့ အခန်းထဲကို တိုးဝင်ကြည့်နေကြရင်းဖြင့် လက်နက်တွေကို မြင်လိုက်ရတော့ တစ်ဝါးဝါးနဲ့ အံ့သြမှင်သက်နေကြသည်။ ဖရန့်စ်ကတော့ ထိုလက်နက်ခန်းထဲက ဗီဒိုထဲက မည်သည့်လက်နက်မျှ မထိုးဖောက်နိုင်သော အကျီတစ်စုံကို ယူလိုက်ကာ တစ်နေရာကို ဝင်ပြီးလဲလိုက်သည်။ ဇာတ်လိုက်ကတော့ မှန်ဘောင်ထဲက ဓားရှည်တစ်ခုကို စွဲစွဲလန်းလန်း ကြည့်နေသည်။ ဇာတ်လိုက်မကတော့ ရေမွှေးပုလင်းကို ကြည့်နေသည်။ ထိုရေမွှေးပုလင်းက ပန်းရောင်လေးဖြစ်ပြီး အနံံ့ကတော့ မက်မွန်သီးနံ့ဖြစ်သည်။ လက်နက်ခန်းထဲတွင် လက်နက်အများအပြားရှိသော်ငြားလည်း ထိုလက်နက်တွေကို မည်သို့သုံးရမည်ကို မသိကြချေ။ အကုန်လုံးက စပ်စပ်စုစု ကြည့်ရှုနေကြသော်လည်း ခန်းယောင်ကမူ တံခါးဝကို မှီကာ ဖရန့်စ်ကို စောင့်နေလေသည်။

ဖရန့်စ်ကတော့ အဝတ်လဲပြီး ထွက်လာလေသည်။ သူထွက်လာတော့ အကုန်လုံးက သူ့ကို တအံ့တသြ ကြည့်နေကြလေသည်။ ဘာလို့လဲဆိုတော့ ဖရန့်စ်က ဘောင်းဘီအမည်းရောင်အကျပ်ကို ဝတ်ထားတာကြောင့် သူ၏ဆွဲဆောင်မှုရှိလှသော ပေါင်တံသွယ်သွယ်ကို ဖော်ပြထားသလိုဖြစ်ပြီး အပေါ်ကဝတ်ထားသော အကျီကိုယ်ကျပ်ပေါ်တွင် ကျည်ကာတစ်ခု ဝတ်ထားပုံက ကွန်မန်ဒါ စစ်သားတွေလိုပင်။ ဖရန့်စ်က ကြွက်သားသိပ်မရှိသော်ငြားလည်းပဲ သူ့ဟာသူတော့ အလွန်ကို ဟော်မုန်း ပြင်းအားများလွန်းသည်။ သေနတ်တစ်လက်ကို ကိုင်ထားသော လက်ဖျံတစ်လျှောက်တွင်လဲ သွေးကြောစိမ်းများ ဖျာထွက်နေလေသည်။ အသားအရေကလဲ မူလဖရန့်စ်က အကြိီလကျရှည်ပဲ ဝတ်လေ့ရှိတာကြောင့် အတော်လေးကို ဖြူတဲ့ထဲ ပါဝင်သည်။ မျက်နှာကလဲ နဂိုထဲက ချောမောခန့်ညားနေသည်ဆိုသော်လည်း ယခုရှောင်ဂျင်၏အရှိန်အဝါများကြောင့် ပို၍ပင် ညို့ဓာတ်ပြင်းလာသည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now