Arc_2.7

2.2K 299 18
                                    

ဂျိုးဆက်ဖ်သည် သူ၏လက်ချောင်းသွယ်သွယ်များဖြင့် ထိုနတ်သား၏လည်ပင်းကို ခပ်တင်းတင်းဖိညှစ်ထားစဥ်မှာပဲ၊ သူ့အနားသို့ တစ်ဟုန်ထိုးပြေးလာနေသော အမည်မသိစွမ်းအင်လှိုင်းတစ်ခုကို ခံစားလိုက်ရတာကြောင့် ထိုနတ်သားအား လွှတ်ကာ ဆောင့်တွန်းလိုက်ပြီး သူကတော့ အနောက်ကို ခပ်မြန်မြန် ဆုတ်ခွာလိုက်သည်။

ပြီးနောက် ချက်ချင်းပင် ဂျိုးဆက်ဖ် အခုနက ရပ်နေခဲ့သော နေရာသို့ စူးရှသောအလင်းတန်းတစ်ခုက ဝုန်းခနဲကျရောက်လာကာ ထိုကြမ်းပြင်တစ်ကွက်စာအား အေးခဲသွားစေသည်။

ဂျိုးဆက်ဖ် သူ၏မျက်လုံးများကို မှေးကျဥ်းကာ သူ့ရှေ့ရှိ နတ်သားကို ပြန်ကြည့်လိုက်သည်။
"မင်းက "

ထိုနတ်သားကမူ ခပ်ထေ့ထေ့ပြုံးလိုက်ပြီး ဂျိုးဆက်ဖ်ညှစ်ထားတာကြောင့် လက်ရာထင်သွားသော လည်ပင်းကို ခပ်ဖွဖွကိုင်သည်။
ထို့နောက် လက်တစ်ဖက်ကိုမြှောက်လိုက်တော့ သူ၏လက်ထဲတွင် ရေခဲဆူးချွန်ရှည်တစ်ချောင်းပေါ်လာလေသည်။

"ရေခဲနတ်သားပဲ!"
ဂျိုးဆက်ဖ် ပြောလိုက်တော့ ထိုရေခဲနတ်သားဟာ သူ့ကိုမော့ကြည့်လာသည်။
"ဟက်..ဟုတ်တယ်။ ဘာလဲ။ အခုမှ ငါ့ကို မှတ်မိတာလား။"

ဂျိုးဆက်ဖ်ကမူ ၎င်း၏အမေးစကားကို ပြန်မဖြေချေ။ ၎င်းအား ခပ်တည်တည်သာကြည့်နေမိသည်။
"မင်းကို ငါမသိဘူး။ ငါနဲ့မင်းကြားမှာ ဘာရန်ငြိုးရန်စမှမရှိဘူးလို့ ငါထင်တယ်။"

ရေခဲနတ်သားဟာ ခပ်တည်တည်ဖြစ်သွားသည်။
"ငါ့ကိုလိမ်လို့ရမယ်ထင်နေလား။ မင်း မှတ်ဉာဏ်ပြန်ရလာတာမို့လို့၊ သူ့ကိုတောင် ပြန်မှတ်မိတာမလား။"

ဂျိုးဆက်ဖ်ကတော့ မျက်နှာသေနှင့်ပင်။ သူ ထိုရေခဲနတ်သားကို တကယ်မမှတ်မိတာဖြစ်သည်။ သူ့အတိတ်ကိုလည်း အလုံးစုံပြန်သတိမရသေးပေ။ ထိုကောင်လေးဟာ သူ့ချစ်သူမှန်းသိတယ်ဆိုတာကလည်း အနည်းငယ်မြင်ယောင်ခဲ့သောပုံရိပ်တစ်ချို့ကြောင့်သာ။ သူနှင့်ထိုကောင်လေး ဘယ်လိုအကြောင်းမျိုးကြောင့် ကွဲကွာသွားလဲဆိုတာကိုတောင် သူမသိတာ။ ဒီရေခဲနတ်သားက သူ့ကိုဘာကြောင့် အခဲမကြေဖြစ်နေသလဲဆိုတဲ့အကြောင်းဆို ပိုဆိုးသေးသည်။ ပြီးတော့ သု့အပေါ်မှာရှိသည့် ထိုနတ်သားရဲ့အမုန်းတရားများဟာ ဘယ်လောက်ထိကြီးမားသလဲဆိုရင်ဖြင့် သူ့အား ဒီတားမြစ်နယ်မြေထဲကို သွတ်သွင်းပြီးတော့ သူကိုယ်တိုင်ပါ ဝင်လာသည့်ပုံကိုထောက်ဆလျှင်၊ ထိုနတ်သားဟာ သူ့ကို အမြစ်ဖြတ်သုတ်သင်ဖို့ ဆုံးဖြတ်ချက်ချထားမည်မှာ ထင်ရှားသည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Hikayelerin yaşadığı yer. Şimdi keşfedin