Arc_3.5

1.3K 227 12
                                    

Warning: NSFW

ဒီနေ့က စနေနေ့။ အတိအကျပြောရရင် မိုက်ကယ်ဆိုသောသူ၏သေနေ့စေ့သောနေ့ဟုဆိုလို့ရသည်။ အချိန်အားဖြင့် နေ့လယ်ခင်းရောက်နေလေပြီ။

ခမ်းနားကြီးကျယ်ပြီးမြင့်မားသည့်အဆောက်အဦးတိုက်ကြီး၏အရှေ့မှာ လူငယ်လေးတစ်ယောက်မတ်တပ်ရပ်နေသည်။

ဤလူငယ်လေးမှာ ဘောင်းဘီအနက်ရောင်နှင့် အကျီလက်ရှည်အပြာရောင်ကိုတွဲဖက်ဝတ်ဆင်ထားသည်။ ဒါ့အပြင် maskတပ်ထားတာကြောင့် လူငယ်လေး၏မျက်နှာကို သေချာမမြင်ရပေ။ ဦးထုပ်အနက်ရောင်ဆောင်းထားသော်လည်း တောက်ပနေသည့်ရွှေအိုရောင်ဆံပင်များကိုတော့ လူတိုင်းမြင်နိုင်သည်။

လူငယ်လေးဟာ maskအောက်ကနေ သွေးအေးသောအပြုံးကိုပြုံးလိုက်သည်။ ထို့နောက် အဆောက်အဦးအတွင်းသို့ လူရိပ်သူရိပ်အကဲခတ်ရင်း ဝင်ရောက်သွားလေသည်။

အထဲကိုဝင်မည်အပြု၊ တားမြစ်လာသောအသံတစ်ခုကြောင့် လူငယ်လေးက ကြည့်လိုက်သည်။
"နေအုံး!!"

"မင်းဘယ်သူလဲ။ မင်းကိုဒီမှာတစ်ခါမှမမြင်ဖူးပါဘူး။"
အပေါက်ဝရှိ ထွားထွားကြိုင်းကြိုင်း လူမည်းလုံခြုံရေးဝန်ထမ်းတစ်ဦးက လူငယ်လေးကို အထက်အောက်ကြည့်ကာမေးလာသည်။ ၎င်း၏ပုံစံက လူငယ်လေးကို ဤနေရာတွင် လုံးဝမတွေ့ဖူးတာကြောင့် သံသယဝင်နေသည့်နှယ်။

"ကျွန်တော် လူတစ်ယောက်ကိုလာရှာတာပါ။ ဦးလေးကြီးကျွန်တော့်ကို ကူညီပေးနိုင်မလား။"
လူငယ်လေးက သူ့ထက် အရပ်အနည်းငယ်မြင့်ပြီး သန်မာသောလုံခြုံရေးဝန်ထမ်းကို မော့ကြည့်ကာအကူအညီတောင်းလိုက်သည်။

လုံခြုံရေးဝန်ထမ်းကမျက်မှောင်ကြုတ်လိုက်သည်။
"မင်းဘာလို့maskတပ်ထားတာလဲ။"
သူ့မျက်နှာပေါ်က maskကိုလက်ညှိုးထိုးကာ မေးလာတော့သည်။

"အာ...ကျွန်တော်က ဖုန်မှုန့်တွေနဲ့ အလက်ဂျစ်ရှိလို့ပါ။"
လူငယ်လေး၏အသံက အသံနေအသံထားတိကျမှန်ကန်ကာ တုန်ရီနေခြင်းမရှိသည့်အပြင် မျက်လုံးများကလည်းဘ မလုံမလဲဖြစ်နေသည့်ဟန်မရှိပဲ အမှန်တရားကိုပြောနေမှန်းသိသာလေသည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now