Arc_3 [The End]

1.4K 167 2
                                    

!Unicode!

ပြဇာတ်ရုံကြီးထဲတွင် ခပ်စူးစူးအသံတစ်ခုထွက်ပေါ်လာတော့ လူတိုင်းလှည့်ကြည့်မိကြသည်။

"တွေ့လား၊ မင်းငါ့ကိုနောက်ကျမှနှိုးလို့ ငါမကြည့်ရတော့ဘူး!!"
ဒန်နီရယ်က အော်လိုက်ပြီး ရိုလန့်နားရွက်ကို မမှီမကန်းလှမ်းဆွဲလာတော့ ရိုလန်မျက်နှာကြီးမဲ့ကာ ပြန်ချော့ရပြန်သည်။
"ဒန်နီမနေ့က မိုးလင်းခါနီးမှအိပ်တာလေ။ ကိုယ်လဲနှိုးမလို့ပါပဲ။ ဒါပေမဲ့ ဒန်နီအိပ်မောကျနေတာကိုမြင်တော့ နှိုးလိုက်ဖို့အသည်းမမာတာနဲ့..."

"ဆင်ခြေတွေမပေးနဲ့! မင်းပြဇာတ်ကြည့်ရတာ မကြိုက်လို့ တမင်သက်သက်လုပ်တာမလား?!"
ဒန်နီရယ်သည် နားရွက်ဆွဲထားတာကိုလွှတ်ပေးလိုက်ပြီး မျက်မှောင်ကြုတ်ထားသည်မှာ အတော်လေးစိတ်ဆိုးနေသည့်ပုံပေါ်လေသည်။ ထို့ကြောင့် ရိုလန်ပျာယာခတ်သွားကာ ဒန်နီရယ့်ပုခုံးလေးကို ခပ်ဖွဖွပုတ်ပြီး လေသံအေးအေးဖြင့်ပြောလိုက်သည်။
"ကိုယ်တမင်လုပ်တာမဟုတ်ပါဘူး.. ဒန်နီလေးရဲ့၊ ကိုယ်ဒန်နီကိုဘယ်လောက်ချစ်လဲဆိုတာ ဒန်နီသိပါတယ်။"

"....."

"အခုဟာက နေ့ခင်းကျရင်လဲ ကြည့်လို့ရပါသေးတယ်၊ အဲ့ဒါကြောင့် ကိုယ်မနှိုးတော့တာ။ ကပြမယ့်ပြဇာတ်ချင်းအတူတူ အိပ်ရေးဝဝအိပ်ပြီးမှသွားကြည့်တော့ပိုမကောင်းဘူးလား။"
ဒန်နီရယ့်၏အနည်းငယ်ပြေလျော့လာပြီဖြစ်သောမျက်နှာကို ရိုလန်တစ်ချက်ခိုးကြည့်ကာ ဆက်ပြောလိုက်သည်။
"မဟုတ်ရင် အိပ်ရေးမဝတော့ ဒန်နီပြဇာတ်ကောင်းကောင်းမကြည့်ရပဲ အိပ်ငိုက်နေမှာပေါ့...ကိုယ်က ဒန်နီ့အတွက်တွေးပေးတာကို၊ ဒန်နီကကိုယ့်ကိုအပြစ်တင်တယ်..ဒန်နီမကောင်းဘူး..ဟွန့်!"
ရိုလန်နှာခေါင်းရှုံ့ကာ ပြောလိုက်တော့ စိတ်ဆိုးပြေသွားပြီဖြစ်သောဒန်နီရယ်က သူ့ကိုစွေကြည့်လာသည်။

"ဟူး..မင်းငါ့အတွက်တွေးပေးမှန်းငါသိပါတယ်။ ငါက ဒီအတိုင်းစိတ်တိုသွားလို့။ မင်း...စိတ်မကောက်နဲ့"

ရိုလန်ကျေနပ်စွာပြုံးလိုက်သည်။ ထို့နောက် ဒန်နီရယ့်ခါးကိုဖက်လိုက်ကာ
"အွန်းပါ၊ ကိုယ်စိတ်မကောက်တော့ဘူးနော်။"
ပြောရင်းဖြင့် ဒန်နီရယ့်လည်တိုင်ကို ခေါင်းတိုးဝှေ့လာတာကြောင့် ဒန်နီရယ်နှုတ်ခမ်းတွန့်ကွေးသွားပေမဲ့ ပြန်တွန်းထုတ်လိုက်သည်။
"ကောင်းကောင်းနေ၊ လူတွေငါတို့ကိုကြည့်နေပြီ။"

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now