Arc_3.7

1.4K 216 7
                                    

ရိုလန်ကတော့ စာသင်ခန်းအတွင်းမှာ ထိုင်နေရင်း စိတ်ထဲကနေပြုံးနေမိသည်။ ပြီးတော့ မနေ့ညကလည်း ရိုလန်တိုင်ဒါ့ကိုလူသတ်ဖို့ရန်ခိုင်းစေသော အမည်မသိလူထံမှလည်း 'ဂုဏ်ပြုကြောင်းနှင့် နောက်နှစ်ရက်အကြာတွင် ထပ်မံဆက်သွယ်မည်ဖြစ်ကြောင်း'စသည့် mailတစ်စောင်ကို ရိုလန့်ဆီပို့ခဲ့သေးသည်။ ဒါ့အပြင် ဒီနေ့မှာ မျက်နှာချင်းဆိုင်တွေ့ရမည့်ဧည့်သည်တော်ကြီးတစ်ယောက်ကြောင့် ရိုလန်ဘယ်လိုအကွက်ချရင်ကောင်းမလဲဆိုတဲ့အကြောင်းကို စဥ်းစားနေမိသည်။

စီဗယ်ကတော့ ပုံမှန်လိုပါပဲ၊ ရိုလန့်ကို ခိုးခိုးကြည့်နေရင်းဖြင့် သူမ၏စာသင်ချိန်တွေကို ကုန်ဆုံးသည်။ သူမလုပ်ရပ်တွေကို ရိုလန်ကတော့ မသိချင်ယောင်ဆောင်နေရင်းနှင့်ပင် ကုန်ဆုံးသည်။

ရိုလန့်အပေါ်မှာ ထားရှိတဲ့ သူမရဲ့မေတ္တာကို တုံ့ပြန်ဖို့ရန်အတွက် သူ့မှာအစီအစဥ်မရှိပေ။ မူလရိုလန်ရဲ့ဆန္ဒကလည်း စီဗယ်ပြန်ချစ်လာဖို့ရန်သာဖြစ်ပြီး သူတို့နှစ်ယောက်အတူပေါင်းဖက်ရပါစေဟု ဆုတောင်းခဲ့တာမဟုတ်တာကြောင့် ရိုလန်အနေနဲ့ ဒါနှင့်ပတ်သတ်ပြီး ခေါင်းရှုပ်ခံမနေပါ။ အကယ်၍ မူလရိုလန်တိုင်ဒါ ဆန္ဒပြုခဲ့ပါကလည်း ဖြည့်ဆည်းပေးဖို့ရန် အစီအစဥ်မရှိ။ မစ်ရှင်အရှုံးခံပြီးတော့သာ နေလိုက်မှာပင်။

မျှော်နေတဲ့သူဟာရောက်လို့လာချေပြီ။ ၃ချိန်မြောက် အတန်းချိန်တစ်ခုတွင် အော်ဒရေးနှင့်တစ်ခြားစုံထောက်ဟာ ရိုလန်တို့စာသင်ခန်းထဲဆီဝင်ရောက်လာခဲ့သည်။

အတန်းချိန်ဆရာဟာ စုံထောက်အော်ဒရေးနှင့်စကားစမြည်ပြောခဲ့သည်။ ထို့နောက် ကျောင်းအုပ်ကိုယ်တိုင်က ဒီထဲရှိကျောင်းသား၊ ကျောင်းသူများကို စစ်ဆေးမေးမြန်းခွင့်ပြုသည်ကို အတည်ပြုပြီးနောက်မှသာ အတန်းချိန်ဆရာက အင်တင်တင်နှင့်ခွင့်ပြုပေးပြီး ဒီအတန်းချိန်ကိုဆင်းခွင့်ပေးလိုက်သည်။ သူ့အတန်းချိန်ပြီးလျှင်လည်း နေ့လည်စာစားချိန်မဟုတ်ပါလား။

အတန်းချိန်ဆရာထွက်သွားပြီးနောက် ကျန်ကျောင်းသားများကလည်း အလျှိုလျှိုထွက်သွားကြကာ အတန်းထဲတွင် ရိုလန်နှင့် စီဗယ်၊ ရစ်ချက်ဆမ်နှင့် သောမတ်ဘရောင်းသာ ကျန်ရစ်ခဲ့သည်။ အော်ဒရေးဟာ စာသင်ခန်းထဲကို ဝေ့ဝိုက်ကြည့်လိုက်သည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now