Arc_2.6

2.2K 324 23
                                    

စတီဗင်ဟာ ဂျိူးဆက်ဖ်ကို ဖုန်းခေါ်မရတာကြောင့် အတော်လေးစိတ်ပူပင်နေသည်။ သက်ပြင်းလဲ အကြိမ်ကြိမ်ချနေမိသည်။ ဂျိုးဆက်ဖ်ဆီကိုပဲ စိတ်ရောက်နေတာကြောင့် တစ်ခြားသူတွေကို ဖုန်းခေါ်ဖို့ကိုလည်း သတိမရ။ သူ့စိတ်ထဲတွင် ဂျိုးဆက်ဖ်အန္တရာယ်ကင်းဖို့သာ ထပ်တလဲလဲဆုတောင်းနေမိသည်။ ထိုစဥ် ဂျိုးဆက်ဖ်၏အနောက်တွင် ရှိနေသော
အန်နာကမူ ဝမ်းနည်းနေသော ဆူဆန်အား နှစ်သိမ့်ပေးနေသည်။

အမှန်တကယ်ဆို ဒီလိုဘာမှန်းမသိသောအခြေအနေမျိုးတွင် မိန်းမငယ်လေးတစ်ယောက်အဖို့၊ ကြောက်ရွံ့အားငယ်နေမည်ဖြစ်သော်ငြားလည်း၊ အန်နာကမူ ပုံမှန်မျက်နှာထားနဲ့မို့ ၊ သူမဘာတွေးနေလဲဆိုတာကို မည်သူမျှမသိနိုင်ချေ။ သူမကိုကြည့်ရတာ အတော်လေးတည်ငြိမ်နေသည်ဟု ပြောလို့ရပါ၏။

အန်နာသည် ဆူဆန်၏ကျောကို ခပ်ဖွဖွပွတ်သပ်ပေးနေရင်းဖြင့် သူမ၏အရှေ့က အမှောင်ထဲဆီ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် မျက်နှာကျက်၌ ကြိုးတန်းလန်းဖြင့် လည်ပင်းချိတ်ဆွဲခံထားရသော အလောင်းများကမူ မလှုပ်မယှက်ရှိနေဆဲ။ အလောင်းအရေအတွက်ဘယ်လောက်လဲဆိုတာတော့ သေချာမသိရ။ အဲ့ဒီ့ဘက်က သူမတို့ရှိနေသည့်နေရာနှင့်ယှဥ်လျှင် အတော်လေးမှောင်မိုက်လှသည်။ သူမမြင်နေရသည်ဆိုတာကလည်း ထိုအလောင်းများမှာ အဝတ်ဖြူများဝတ်ဆင်ထားတာကြောင့်လည်းပါသလို၊ ကြိုးများမှာလည်း အဖြူရောင်အဝတ်စများဖြစ်တာကြောင့်လည်းပါသည်။
တစ်ချို့အလောင်းများမှာမူ ရုပ်ပျက်ဆင်းပျက်ဖြစ်နေကာ မျက်နှာကိုလည်းမမြင်ရလောက်တဲ့အထိ မျက်နှာရှေ့တွင် ဆံပင်များ အစုလိုက်အပြုံလိုက် ကျနေလျက်ရှိသည်။ ၎င်းတို့၏အဝတ်ဖြူဖြူများတွင်လည်း အနီရောင်အကွက်များရှိနေသည်။ ကြည့်ရတာ သွေးကွက်များဖြစ်လောက်သည်။

တစ်ချို့အလောင်းများမှာမူ မျက်နှာတစ်ခုတစ်ခုတည်းသာ ကွက်ဖော်ထားပြီး ၎င်းတို့၏တစ်ကိုယ်လုံးအား အဖြူရောင်အဝတ်စဖြင့် တင်းတင်းကြပ်ကြပ်ထုပ်ကာဖြင့် ကျပ်ထုပ်နေအောင် ကြိုးဖြင့်စည်းပတ်ထားပါ၏။ ၎င်းတို့၏မျက်နှာအမူအရာကိုမူ မမြင်ရချေ။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now