Arc_3.13

1.1K 171 15
                                    

!Unicode!

ရိုလန်ဟာ လက်တော့ပ်ရှေ့ရှိ ထိုင်ခုံတွင် နောက်မှီကာ ခေါင်းကိုမော့ထားရင်း မျက်စိမှိတ်၍ ငြိမ်သက်လျက်ရှိသည်။ ရုတ်ခြည်းပင်၊ သူ၏စူးရှသောမျက်လုံးများပွင့်လာပြီး ထိုင်ခုံပေါ်ကနေ ဝုန်းခနဲထလိုက်လေရာ အားပြင်းလွန်းတာကြောင့် ထိုင်ခုံလေးမှာ ကြမ်းပြင်ပေါ်သို့ သနားစဖွယ်လဲကျသွားတော့သည်။

ရိုလန်ကတော့ ဂရုမစိုက်ပါပဲ အပြင်ထွက်ဖို့ရာ တံခါးဆီကို ဦးတည်နေသည်။
[ဘယ်သွားမလို့လဲ။]
ရိုလန်၏နံဘေးရှိ လေဟာနယ်ထဲတွင်ရွေ့လျားနေသော မီးလုံးသဏ္ဍာန် Systemက မေးလာခဲ့သည်။

'ဒန်နီရယ်ဆီ..'

[ဘာလုပ်မလို့လဲ။]
Systemက နားမလည်သလိုမေးသည်။

'သူ့ကို အသိပေးထားရမယ်။ မဟုတ်ရင် သူအန္တရာယ်ရှိလာနိုင်တယ်။'

[မင်းရဲ့အရင်အစီအစဥ်ကရော?]

Systemမေးလာတာကို ရိုလန်အရင်မဖြေသေးပဲ သူ့ပြိုင်ကားလေးထဲဝင်ထိုင်ကာ ဒန်နီရယ်အိမ်ကိုမောင်းလာလိုက်သည်။

'ငါအစီအစဥ်ပြောင်းလိုက်ပြီ..ဒန်နီရယ့်ကိုထိခိုက်လာနိုင်တာမို့လို့..'

[ဒါဆို...]

'အင်း..ဝိညာဥ်မျိုတစ္ဆေကို အရင်အပြတ်ရှင်းပစ်ရလိမ့်မယ်။'

ရိုလန်အလျင်လိုနေရသည့်အကြောင်းရင်းကတော့ ယခု သူသတ်ရမည့်နောက်ဆုံးပစ်မှတ်ဖြစ်သူမှာ ဒန်နီရယ်ဖြစ်နေတာကြောင့်ပင်။ ထို့ကြောင့် ရိုလန်ဟာ ဝိညာဥ်မျိုတစ္ဆေကို ဖြစ်နိုင်သမျှမြန်မြန်လေးရှင်းပစ်ချင်နေရခြင်း။

ရိုလန်၏ပြိုင်ကားလေးဟာ ဒန်နီရယ်၏ကွန်ဒိုအရှေ့တည့်တည့်တွင်ရပ်တန့်သွား၏။

ရိုလန်တစ်​​ယောက် ကားပေါ်ကဆင်းကာ ဒန်နီရယ်၏အိမ်တံခါးဘဲလ်ကို တီးလိုက်သည်။

*တီးတောင်*

"ဘယ်သူလဲ"

အထဲကနေ ဒန်နီရယ်၏ဝေဝေဝါးဝါးအသံလေးက ပျံ့လွင့်လာသည်။ ထိုအသံလေးကြောင့် ဒန်နီရယ်အိပ်နေတာကို ​သူနှောင့်ယှက်လိုက်မိမှန်း သိလိုက်ရသည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now