Arc_3 [ Seriel Killer & His target!] (ကွင်းဆက်လူသတ်သမားရိုလန်တိုင်ဒါ)

2.3K 244 2
                                    

[အဲ့ဒီ့စွမ်းအားတွေကို စုပ်ယူထားတာက မင်းအတွက်အန္တရာယ်ရှိတယ်ဆိုတာသိတယ်မလား။]
Systemက သတိပေးလာသည်။

"အင်း...ဒါပေမယ့် စိတ်မပူပါနဲ့။ ငါထိန်းချုပ်နိုင်ပါတယ်။"
ရှောင်ဂျင် Systemကိုကြည့်လိုက်သည်။
ဘာလို့မှန်းမသိ သူမှတ်ဉာဏ်နည်းနည်းပြန်ရလာပြီးတိုင်း ဒီSystemအရိုးခေါင်းကို ရင်းနှီးနေသလိုခံစားလာရတယ်။

တကယ်လို့ နောက်ထပ်နည်းနည်းသာထပ်မှတ်မိလာမယ်ဆိုရင် သူ့ရှေ့ကSystemက ဘယ်သူဆိုတာကို ဖော်ထုတ်နိုင်လိမ့်မယ်ဟု သူထင်သည်။

ပြီးတော့ ဒီSystemက တားမြစ်နယ်မြေထဲ သူရောက်သွားတုန်းကဆိုရင် သူ့ထက်တောင် ပိုပြီးတော့ စိုးရိမ်နေတာမဟုတ်ပါလား?

အခုတော့ ဒါတွေကို သတိမထားမိသလိုသာ သူနေလိုက်အုံးမယ်။

"နောက်ကမ္ဘာတစ်ခုကို သွားကြရအောင်"
ရှောင်ဂျင်ပြောလိုက်တော့ Systemကပြန်ပြောလာသည်။
[ အနားမယူတော့ဘူးလား?]

ရှောင်ဂျင်ခေါင်းငြိမ့်ပြလိုက်သည်။
"အင်း! "

သူပြောပြီးနောက် သူ့မျက်လုံးတွေကိုမှိတ်ချလိုက်သည်။

--------------------

ရှောင်ဂျင်မျက်လုံးဖွင့်လိုက်သည်နှင့် သူ့မျက်နှာကို စင်လာသော အရည်တစ်ချို့နှင့်အတူ လူတစ်ယောက်က ၎င်းလည်ပင်းကို၎င်းဆုပ်ကိုင်လျက် မြေပြင်ပေါ်သို့လဲကျသွားတာကို ရှောင်ဂျင်မြင်လိုက်ရသည်။

ရှောင်ဂျင်မျက်မှောင်ကြုတ်သွားသလို သူ့မျက်နှာပေါ်ရှိအရည်များကို သုတ်ကာကြည့်မိတော့ သွေးစတွေဖြစ်နေတာကြောင့် သူ့ရှေ့တွင် လဲကျနေသောလူကို ငုံ့ကြည့်လိုက်သည်။ ထိုလူကတော့ မျက်လုံးများပြူးကျယ်လျက်သားဖြင့် လည်ပင်းမှသွေးများစီးကျကာ သွေးထွက်လွန်၍ သေဆုံးသွားပြီဖြစ်သည်။ ရှောင်ဂျင်သူ့လက်သူပြန်ကြည့်မိတော့ သွေးများပေကျံနေသော ဓားမြှောင်တစ်ချောင်းကို ကိုင်လျက်သားဖြစ်နေတာကို သိလိုက်ရသည်။

"ဒါဘာတွေဖြစ်နေတာလဲ။"
ရှောင်ဂျင်ခပ်တိုးတိုးရေရွတ်မိလိုက်ကာ ဘေးပတ်ဝန်းကျင်ကိုသတိထားကြည့်လိုက်သည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Tempat cerita menjadi hidup. Temukan sekarang