Arc_3.11

1.1K 194 13
                                    

မြို့တော်၏အစွန်အဖျားတွင် အနည်းငယ်ယိုယွင်းနေသော အဆောက်အအုံတစ်ခုရှိသည်။ ထိုအဆောက်အအုံမှာ အတော်လေးကိုဟောင်းနွမ်းနေပြီး နွယ်ပင်တစ်ချို့ရစ်ပတ်နေသေးသည်။ အ​ဆောက်အအုံတွင် အထပ်ပေါင်း၇ထပ်ရှိပြီး မြေညီထပ်နှင့် အပေါ်ဆုံးအထပ်၊ ၃ထပ်မြောက်အခန်းကလွဲလျှင် ကျန်သည့်အခန်းများ၌ လူမနေပေ။ အကြောင်းအရင်းကတော့ မြို့လယ်ခေါင်နှင့်အတော်လေးအလှမ်းဝေးလှသည့်အပြင် ဘေးပတ်ဝန်းကျင်တွင်လည်း လယ်ကွင်းနှင့် စွန့်ပစ်ထားသောစက်ရုံဟောင်းအပျက်တွေသာရှိတာကြောင့်ပင်။ ဒါ့အပြင် အဆောက်အအုံဟာ အချိန်မရွေးပြိုကျသွားနိုင်တာကြောင့်လဲပါသည်။

အဆောက်အအုံထဲရှိ တစ်ခုတည်းသောလှေကားလက်ရန်းများမှာ သံချေးတက်လျက်ရှိသည်။ အရင်ကရှိခဲ့သောဓာတ်လှေကားမှာမူ ပျက်သွားခဲ့တာကြာပြီဖြစ်သည်။

အပေါ်ဆုံးအထပ်ရှိ အခန်းလေး၏ ကော်ရစ်ဒါတစ်လျှောက် မီးအလင်းရောင်များဟာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေ၏။ ဖျက်ခနဲပေါ်ပေါ်လာခဲ့သော ကော်ရစ်ဒါနံရံရှိ ဆေးရေးပန်းချီများမှာ အနည်းငယ်ကျောချမ်းစဖွယ်။ အရင်နေခဲ့သောလူများ အပြောင်အပျက်ရေးထွင်းထားခဲ့သော စာလုံးကြီးများလည်းရှိသည်။

"လီနာ..ညီမလေးတံခါးသေချာပိတ်ထားနော်။ ဘယ်သူတံခါးလာခေါက်ခေါက်၊ လုံးဝမဖွင့်ပေးနဲ့။ ပြီးတော့ တစ်ခုခုဆိုတာနဲ့ ကိုကြီးကို ဖုန်းလှမ်းဆက်ဖို့လဲမမေ့နဲ့။ ပြီးတော့လဲ...သတိဝီရယနဲ့နေ.."
ထိုအမျိုးသား၏အသံမှာ ချိုသာသောအသံလေးတစ်ခုဖြင့် ကြားဝင်ဖြတ်ခြင်းခံလိုက်ရသည်။

"ခစ်ခစ်၊ အဲ့လောက်လဲ မစိုးရိမ်ပါနဲ့၊ ကိုကြီးကလဲ ညီမလေးဒီမှာနေလာတာ တော်တော်ကြာနေပြီ၊ ကိုကြီးOtဆင်းတိုင်း ညီမလေးတစ်ယောက်တည်းနေလာတာပါနော်၊ ဟွန့်။"

ထိုအသံများဟာ အပေါ်ဆုံးအထပ်၏အခန်းထဲမှ ထွက်ပေါ်လာတာဖြစ်သည်။ ထိုအခန်းတွင်း၌ နေသူများက မောင်နှမနှစ်ယောက်ဖြစ်ပုံရသည်။ ကြည့်ရတာတော့ အစ်ကိုဖြစ်သူက ဂျူတီကျတာမို့လို့ ညီမလေးအား သေချာဂရုစိုက်ရန်မှာနေပုံပင်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now