Arc_2.10

1.7K 255 4
                                    

အရုပ်မ၏လက်သည်းက ရှည်ထွက်လာကာ ကယ်လ်ဗန့်ဆီ ဦးတည်လာတာကြောင့် ကယ်လ်ဗန်တစ်ယောက် ခေါင်းစောင်းကာ ခပ်မြန်မြန်ရှောင်လိုက်သော်လည်း သူ့ကိုယ်ပေါ်တွင် ဒေးဗစ်ပါရှိနေတာကြောင့် လုံးဝတော့မရှောင်လွှဲလိုက်နိုင်ပါ။ အရုပ်မ၏လက်သည်းသည် ကယ်လ်ဗန်၏မျက်နှာဘေးကနေ ဖြတ်သွားကာ  ကယ်လ်ဗန်၏ညာဘက်ပါးပြင်ကို ခြစ်မိသွားတာကြောင့် သွေးစို့သွားတော့သည်။

ပါးပြင်တွင်ထိခိုက်သွားခဲ့သောခြစ်ရာလေးမှ သွေးစက်ဖြစ်ပေါ်လာကာ ကြမ်းပြင်ပေါ်သို့ တစ်စက်ချင်းကျနေသလို ကယ်လ်ဗန်မှာလည်း စပ်ဖျဥ်းဖျဥ်းဖြစ်နေရော့သည်။

သို့သော် ကယ်လ်ဗန်၏သွေးနံ့သည် အခန်းထဲရှိ အရုပ်မများကို နှိုးဆွလိုက်သလိုဖြစ်သွားပုံရသည်။ ကယ်လ်ဗန်အား တိုက်ခိုက်ခဲ့သော အရုပ်မ၏မျက်နှာမှာ သက်ဝင်လှုပ်ရှားလာကာ မျက်တောင်ခတ်လာခဲ့သည်။ ထိုအရုပ်မ၏မျက်ဆံမှာလည်း အထက်အောက်၊ ဘေးဘက်စုံဆန်ရွေ့လျားနေကာ နောက်ဆုံးတွင်တော့ ၎င်း၏မျက်လုံးတစ်စုံသည် အရှေ့ရှိ ကယ်လ်ဗန်ပေါ်တွင် ရပ်တန့်သွားသည်။

အရုပ်မများနှင့် ကယ်လ်ဗန်တို့၏ကြားတွင် သိပ်မကွာဝေးပါ။ ၂ပေကျော်ကျော်သာကွာဝေးတာကြောင့် အရုပ်မသာ ခြေတစ်လှမ်းလှမ်းလိုက်တာပဲဖြစ်ဖြစ်၊ ကယ်လ်ဗန်တို့သာ ရှေ့တစ်လှမ်းတိုးလိုက်ရင်ပဲဖြစ်ဖြစ် အရုပ်မများကြားသို့ ရောက်ရှိသွားမည်ဖြစ်သည်။

ကယ်လ်ဗန်တစ်ယောက် ဘယ်လိုလွတ်အောင်လုပ်ရမလဲလို့ တွေးတောနေသည်။ ကယ်လ်ဗန် သူ့ကိုယ်ပေါ်က ဒေးဗစ်ကိုငုံ့ကြည့်လိုက်ကာ အလျင်စလိုပြောလိုက်သည်။
"ဒေး...ငါ့ပေါ်က မြန်မြန်ဆင်း။"
ဒေးဗစ်ဆင်းပေးလိုက်သည်။

"ဒေး..မင်းကြောက်နေလား။"
ကယ်လ်ဗန်မေးလိုက်တော့ ဒေးဗစ်မျက်နှာရှုံ့မဲ့သွားသည်။
"ကြောက်တာပေါ့။ အရုပ်ဆိုတာ ငါအကြောက်ဆုံးပဲလေ။"

"ဒါဆို မင်းဒီအရုပ်တွေသတ်တာ ခံရပြီးသေချင်လား၊ ဒါမှမဟုတ်၊ ဒီအရုပ်တွေကိုကြိုးစားနှိမ်နင်းပြီးတော့ ဒီကနေထွက်သွားချင်လား။"

"ငါ...ငါထွက်သွားချင်တယ်...ဒါပေမယ့်...ငါကြောက်.."
ကယ်လ်ဗန်သည် တွန့်ဆုတ်နေသောဒေးဗစ်၏ပုခုံးနှစ်ဖက်ကိုဆွဲကိုင်ကာ အလေးအနက်ပြောလိုက်သည်။
"မင်းရဲ့အကြောက်တရားကို ဖိနှိပ်နိုင်မှ ငါတို့ဒီကနေ ထွက်သွားနိုင်မှာ..။"

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now