Arc_3.8

1.2K 203 4
                                    

ဒီလိုနဲ့ အတန်းဆင်းချိန်ရောက်လာပြန်တော့ ရိုလန်တစ်ယောက် ချက်ချင်းပဲ အခန်းပြင်ထွက်လာလိုက်သည်။

စီဗယ်ဟာလည်း စုံထောက်ပြန်သွားပြီးတဲ့နောက်ပိုင်းမှာ ရိုလန့်ကိုစကားပြောဖို့ကြိုးစားခဲ့ပေမယ့် စားပွဲခုံပေါ်မှောက်အိပ်သွားတဲ့ရိုလန့်ကြောင့် သူမအနှောင့်အယှက်မပေးချင်တော့ဘူး။ အဲ့ဒီလိုနဲ့ နေ့လယ်စာစားချိန်ကုန်သွားပြီးတော့ ဆရာတွေဟာလည်း သူ့အချိန်နဲ့သူဝင်နေတာနဲ့ပဲ ဒီနေ့တစ်နေ့လုံးရိုလန့်ကိုစကားမပြောဖြစ်လိုက်။

အခုအိမ်ပြန်ချိန်မှာလည်း ရိုလန့်ကိုနှုတ်ဆက်ချင်ပေမယ့် ထိုသူကတော့ သူမကိုတစ်ချက်တောင်ကြည့်မသွားလေတော့ သူမဝမ်းနည်းမိတယ်။

ရိုလန့်ကိုဒေါသထွက်လားဆိုတော့ ဟင့်အင်းလို့ပဲ ပြောရလိမ့်မည်။ ရိုလန့်ကိုစတင်သဘောကျကတည်းက သူမအနေနှင့် သူ့ဆီက တုံ့ပြန်လာမယ့်အချစ်ကို သူမမမျှော်လင့်ခဲ့ပါ။ သူမအချစ်က ပေးဆပ်အချစ်သာဖြစ်သည်။

အကယ်၍ ရိုလန်သာ သူချစ်ရမယ့်သူနှင့်တွေ့သွားပါကလည်း သူမရင်နာနာနှင့် အဝေးကသာမျှော်ကြည့်နေမှာသာ။ သူမ ထိုသူ့အား စိတ်အနှောင့်အယှက်မဖြစ်စေချင်။ သူမတတ်နိုင်သလောက် ထိုသူအနားမှာ တိတ်တဆိတ်တော့နေချင်ပါသေးသည်။

သူမအတွေးနှင့်အတူ ကျေကျေနပ်နပ်ပြုံးလိုက်မိသည်။ ထို့နောက် စာအုပ်တွေကိုသိမ်းဆည်းလိုက်ကာ အခန်းအပြင်ကိုထွက်လာလိုက်သည်။

ကျောင်းဝင်းကိုကျော်လာလေတော့ တစ်စုံတစ်ယောက်က သူမနာမည်ကိုခေါ်လာတာကြောင့် သူမလှည့်ကြည့်လိုက်တော့ အခုနကစုံထောက်အော်ဒရေးက ကျောင်းဝင်းနံရံကိုကျောမှီကာ လက်ပိုက်ရင်း သူမကိုကြည့်နေတာကိုမြင်လိုက်ရသည်။ ထိုစုံထောက်က သူမရပ်သွားတာကိုမြင်တော့ သူမအနားကိုလျှောက်လာသည်။
"ဟယ်လို၊ စီဗယ်...ကိုယ်မင်းနဲ့စကားခဏလောက်ပြောချင်လို့ပါ။"

ထိုစုံထောက်ကိုသူမအလိုမကျစွာကြည့်လိုက်ပြီးနောက် ထိုသူသူမနှင့်စကားပြောချင်ရသည့်အကြောင်းအရင်းကို တွေးကြည့်မိတော့ ရိုလန်နှင့်ပတ်သတ်သည့်အရာတစ်ခုခုဖြစ်နိုင်လောက်မှန်း စဥ်းစားမိသည်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now