Arc_2.8

2.1K 290 21
                                    

စတီဗင်သည် ဖုန်းဖလက်ရှ်မီးကို ဖွင့်ပြီး သူတို့ရောက်နေတဲ့အခန်းတစ်ဝိုက်ကို လိုက်လံကြည့်ရှုတော့သည်။ သူဟာ အခန်းနံရံတွေကို ဖလက်ရှ်မီးဖြင့် ထိုးကာ တစ်စုံတစ်ရာအား ရှာဖွေနေသည်။

ထိုစဥ်တွင် ဆူဆန်မှာလည်း အငိုတိတ်သွားပြီဖြစ်ရာ စတီဗင်လုပ်သမျှကို လိုက်ကြည့်နေသည်။ ထို့နောက် မနေနိုင်တော့သည့်အခါမှသာ စတီဗင်အား မေးလာတော့သည်။
"စတိဗ်..ဘာရှာနေတာလဲ"

စတီဗင်ကမူ နံရံကို ကိုင်ကြည့်နေရင်းဖြင့် သူမအား လှည့်မကြည့်ပဲနှင့် ပြန်ဖြေလာသည်။
"ထွက်ဖို့တံခါးပေါက်ရှာနေတာလေ။ ကိုယ်တို့ဒီထဲကိုတောင် ရောက်လာသေးတာပဲ။ အဲ့တော့ အပေါက်တစ်ခုတော့ ရှိကိုရှိရမယ်။"

နံရံဟာ အုတ်ခဲများဖြင့် ဆောက်လုပ်ထားခြင်းဖြစ်သည်။ လေဝင်ပေါက်ကလေးတစ်ခုတောင် မတွေ့ရတဲ့အထိ စေ့စပ်လွန်းလှသည်။ သို့ပေမယ့် ထူးဆန်းတာက သူတို့သည် အသက်ရှူရတာ အဆင်ပြေနေရုံတင်မကပဲ၊ လေတိုက်သံများကိုပါ ကြားနေရခြင်းဖြစ်သည်။ ဒါကြောင့် စတီဗင်တစ်ယောက် လွတ်လမ်းလိုက်ရှာနေရခြင်းဖြစ်သည်။

အန်နာကတော့ သူတို့နှစ်ယောက်၏ဆန့်ကျင်ဘက်ကိုသာ ကြည့်နေသည်။ သူမသည် မျက်တောင်တစ်ချက်မခတ်ပါပဲနှင့် ထိုမှောင်နေသောနေရာကိုသာ စိုက်ကြည့်နေသည်။ သူမသည် ရုတ်တရက် စတီဗင်အား လှမ်းခေါ်လိုက်သည်။

"စတီဗင်"

သူမ၏အသံဟာ ဟိန်းထွက်သွားတာကြောင့် စတီဗင်ရော၊ ဆူဆန်ပါ သူမအား လှည့်ကြည့်လာသည်။

"ဘာဖြစ်လို့လဲ။ အန်နာ.."
ဆူဆန်က အန်နာ၏ပုခုံးအား ကိုင်ကာမေးသည်။

အန်နာသည် အမှောင်ထဲသို့ လက်ညှိုးထိုး၏။
"အဲ့မှာ တံခါးပေါက်ရှိတယ်။"

အန်နာ၏စကားကြောင့် ဆူဆန်နှင့်စတီဗင်သည် သူမညွှန်ပြသောနေရာအား ကြည့်လိုက်သည်။
မည်သည့်တံခါးပေါက်မှမတွေ့ရ။ မှောင်မဲနေတာကြောင့် ဘာကိုမှလည်းမမြင်ရ။ ဒါကြောင့် စတီဗင်ဟာ ဖလက်ရှ်မီးဖြင့် ထိုးကြည့်လိုက်တော့ မျက်နှာကျက်ကနေ တွဲလောင်းကျနေသော အလောင်းများကိုသာ တွေ့ရတာကြောင့် စတီဗင်တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားရသလို၊ ဆူဆန်မှာလည်း ကြောက်လန့်တကြားအော်မိလိုက်သည်။ အန်နာမှာမူ အေးအေးဆေးဆေးပင်။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now