Arc_2.11

1.6K 238 2
                                    

လည်ပင်း၌ ကြိုးကွင်းစွပ်လျက်သားဖြင့် ငြိမ်သက်နေကြသော အလောင်းများသည် တဖြည်းဖြည်းချင်းလှုပ်လာကြသည်။ ၎င်းတို့၏လှုပ်ရှားမှုကို ကြိုးကွင်းကမခံနိုင်တော့ပုံရသည်။ ကြိုးကွင်းပြတ်သွားကာ အလောင်းများ တစ်လောင်းပြီးတစ်လောင်း ကြမ်းပြင်ပေါ်သို့ပြုတ်ကျလာတာကို စတီဗင်တို့မြင်လိုက်ရသည်။

"စ..စတိဗ်...ဘယ်လို...လုပ်ကြမလဲ..ဟင်"
ဆူဆန်သည် ကြောက်ရွံမှုကြောင့် ထစ်ထစ်အအဖြင့်စတီဗင်ကို ပြောလာတော့သည်။ ဘေးကအန်နာ၏လက်မောင်းကိုလည်း တင်းကြပ်စွာကိုင်ထားသေးသည်။ အန်နာကတော့ အတော်လေးတည်ငြိမ်နေတာအမှန်။

စတီဗင်သောကရောက်နေသည်။ ဒီကနေ လွတ်မြောက်နိုင်မယ့်နည်းလမ်းကိုလည်း ခေါင်းသုံးကာအကြံထုတ်နေမိသည်။
"နေအုံး။ ဆူဆန်..ကိုယ်စဥ်းစားနေတယ်!"

စတီဗင်တစ်ယောက် flashlightဖြင့် အလောင်းတွေဘက်ကို ထိုးကြည့်လိုက်သည်။
အလောင်းတွေသည် ဥအိမ်မှပေါက်ဖွားလာသော ပိုးကောင်များကဲ့သို့ပင် ၎င်းတို့ကိုစည်းနှောင်ထုပ်ပိုးထားသော အဝတ်စထဲမှ ထွက်ဖို့ရန် အားသန်နေကြသည်။

စတီဗင်ဘာကိုမှကြောက်မနေပါ။ သူ၏အကြည့်ကတော့ အလောင်းတွေရှိရာနံရံဘက်က တံခါးတစ်ချပ်ပေါ်တွင် မလွဲမသေရှိနေသည်။ ထို့နောက် စတီဗင် ဆူဆန်နှင့် အန်နာကိုတစ်ချက်ကြည့်လိုက်သည်။ ဆူဆန်သည် တစ်ကိုယ်လုံးတုန်ယင်နေလေသည်။

"ကိုယ်တို့ ဟိုတံခါးဆီကို သွားကြတာပေါ့။"
စတီဗင်သည် ဆူဆန်၏ပုခုံးလေးကို ခပ်ဖွဖွကိုင်ရင်းပြောလိုက်၏။ ဆူဆန်ကတော့ စတီဗင်ပြောသည်ကို နားမလည်ပါ။
"ဘယ်တံခါးကိုပြောနေတာလဲ။ ဆူဆန်ဘာမှမတွေ့ပါဘူး။"
ဆူဆန်ပြန်ပြောလိုက်ရင်းဖြင့် အခန်းပတ်လည်ကိုမဝံ့မရဲကြည့်လိုက်သော်ငြား၊ စတီဗင်ပြောသည့်တံခါးကိုတော့ လုံးဝမတွေ့။

စတီဗင်အံ့သြသွားရသည်။ အန်နာကိုကြည့်လိုက်တော့ သူမသည် တိတ်ဆိတ်နေကာ စကားတစ်လုံးမှပြန်မပြောတာကို စတီဗင်သတိထားလိုက်မိသည်။ ဒါကြောင့်အန်နာ့ဘက်ကို flashlightထိုးကြည့်ကာ ခေါ်လိုက်သည်။
"အန်နာ?"

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now