Arc_1.11

3.4K 454 0
                                    

#Unicode

ဖရန့််စ်သည် သန္ဓေပြောင်းကောင်များကြားထဲကနေ အောင်အောင်မြင်မြင်ဖြတ်သန်းလာပြီးနောက်တွင်တော့ တိုက်ကြီးထဲသို့ ဝင်လာနိုင်ခဲ့သည်။ တိုက်ကြီးသည် ၆ထပ်တိုက်ကြီးဖြစ်ရာ စမ်းသပ်ခံနံပါတ်တစ်ကတော့ ၃ထပ်မြောက်တွင် ရှိနေလေသည်။ ဖရန့်စ်သည် ၃ထပ်မြောက်အထပ်ကို ဝရံတာကနေ တွယ်တက်သွားခဲ့သည်။ ၃ထပ်မြောက်ကို ရောက်တော့ ပြတင်းပေါက်မှန်အားခွဲလိုက်ကာ အထဲသို့ ကျော်ဝင်လိုက်လေသည်။

အသားစားနေသည့်စမ်းသပ်ခံနံပါတ်တစ်ကတော့ အသံထွက်လာသည့်နေရာအား ကြည့်လာသည်။ သူမြင်လိုက်ရတာကတော့ လူတစ်ယောက်က ပြတင်းပေါက်ကနေ ကျော်ဝင်လာတာပင်။ သူ၏မျက်လုံးများကျဥ်းမြောင်းသွားရသည်: အရှေ့မှာ သန္ဓေပြောင်းကောင်တွေ အုပ်စုလိုက်ရှိနေတာကို ဒီလူက ဘယ်လိုဝင်လာတာလဲ။ ကြည့်ရတာ အစားခံချင်နေတဲ့ပုံပဲ။

စမ်းသပ်ခံနံပါတ်တစ်သည် အသားအားလွှင့်ပစ်လိုက်ရင်း မတ်တပ်ရပ်လိုက်ကာ သူရှေ့ကို ရောက်လာမည့်လူအား စောင့်နေလိုက်သည်။ ဖရန့်စ်သည် ခေါင်းငုံ့နေရာမှ သူ့ရှေ့တွင် ကြိုစောင့်နေသည့် အသိစိတ်ရှိသန္ဓေပြောင်းကောင်အား မော့ကြည့်လာသည်။ ဖရန့်စ်၏မျက်နှာအား မြင်လိုက်ရသော စမ်းသပ်ခံနံပါတ်တစ်မှာမူ မျက်လုံးပြူးသွားရကာ အံကြိတ်လိုက်မိသည်။
"ခင်ဗျား....မသေသေးဘူးပေါ့လေ!"
စမ်းသပ်ခံနံပါတ်တစ်သည် လက်သီးတင်းတင်းဆုပ်ထားကာ ဒေါသတွေကိုမျိုသိပ်နေ၏။

"ဟုတ်တယ်! မသေသေးဘူး"
ဖရန့်စ်သည် ပြုံးကာဖြေလိုက်၏။

ဖရန့်စ်၏မျက်နှာကို ကြည့်နေရင်းဖြင့် စမ်းသပ်ခံနံပါတ်တစ် အတိတ်ဆိုးများကို ပြန်လည်သတိရလိုက်သလိုပင်: သူက ဘွဲ့ရခါနီးနေသော ကောလိပ်ကျောင်းသားတစ်ဦးဖြစ်ပါ၏။ တစ်ရက်မှာတော့ သူပြန်ပေးဆွဲခံလိုက်ရသည်။ သူနိုးလာတော့ သူသည် ကုတင်တစ်ခုပေါ်မှာရှိနေကာ သူ၏ခြေလက်များကို အချုပ်ခံထားရသည်။ ထိုအချိန်တွင် ဒေါက်တာနှစ်ယောက်ဝင်လာကာ သူ့အား အမည်မသိဆေးများထိုးသွင်းသည်။ နေ့တိုင်းလည်း ဆေးရည်များ တိုက်သည်။ သူ၏စိတ်ထဲတွင်တော့ ထိုလူနှစ်ယောက်အား တေးထားသည်။ ကြာလာတော့ ရုတတရက်် သူသန်မာလာသလို ခံစားလာရ၏။ တစ်ကိုယ်လုံးအားအင်အပြည့်ဖြစ်နေသလိုပါပင်။ ထို့နောက် သူကြားလိုက်ရတာက သူ့ကိုထိန်းချုပ်မယ်ဆိုသည့် ဒေါက်တာနှစ်ယောက်၏အပြန်အလှန်ပြောစကားကို ကြားလိုက်ရသည်။ ဒါကြောင့် သူ၏ခွန်အားကို အသုံးပြုကာ စမ်းသပ်ခန်းထဲကနေ ထွက်ပြေးခဲ့ပါ၏။

Adventure of Demon Lord [ VILLAIN GOD SYSTEM ]Where stories live. Discover now