I Want To.... But I Can't (2)

1K 121 6
                                    

Zawgyi

ပြောင်းလဲမှုတွေသာ ဆက်တိုက်ဖြစ်နေတော့တာမို့ အခုဘာဖြစ်နေလဲဆိုတာကို ဘယ်သူမှ နားမလည်‌ကြတော့ဘူး
Jinကလည်း မနေ့ညက Jungkookနဲ့ စကားပြော‌ခဲ့တာကို ပြန်တွေးရင်း ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို အဖြေရှာနေရသည်

နှစ်ပတ်တောင် ကြာသွားတဲ့အချိန်မှာ
Jiminက Taehyungနဲ့အတူတူ ဒိတ်တွေ အများကြီး လုပ်သည်...
Jimin ဘာလို့ ဒီလိုလုပ်နေလဲဆိုတာ Taeသိသည်
အသုံးချခံနေရတယ်လို့ အထင်မှားမှာစိုးလို့ပါပဲ အရင်ကထက် Jiminက သူ့အပေါ် အများကြီး ပိုကောင်းပေးသည်...
တကယ်တော့ ကိုယ်ကသာ ပိုကောင်းပေးသင့်တာကို...
အမှန်ဆို ပင်ပန်းနေရတာက Jiminပဲလေ

ဘာပဲဖြစ်ဖြစ် နှစ်ဘက်လုံးရဲ့ နားလည်မှုနဲ့ အလျော့ပေးမှုတွေကြောင့် တကယ်ကို ပျော်စရာကောင်းတဲ့ ချစ်သူဘဝလေးကို ပိုင်ဆိုင်ထားကြသည်

Jungkookကလည်း Jieunနဲ့ပဲ အမြဲအချိန်ကုန်နေခဲ့သည်
တဖြည်းဖြည်းနဲ့ Jieunက သူ့အတွက် အစ်မအရင်းတစ်ယောက်လိုပါပဲ
အသက်ကလည်း တစ်နှစ်ပိုကြီးတာမို့ Jin hyungလို လူမျိုးနောက်တစ်ယောက် ထပ်ရလိုက်ရသလိုပဲ.....
နှစ်ယောက်ကြားမှာ ဘာလျို့ဝှက်ချက်မှမထားကြဘူး
တခါတလေ စကားပြောနေရင်း crushဖြစ်တဲ့ Jiminရဲ့အကြောင်း ပြောမိရင်လည်း Jieunက သေချာလေး နားထောင်ပေးတတ်သေးသည်
တခါတလေကျလည်း ရန်ဖြစ်ကြ ပြန်တည့်ကြ၊ Jungkookနဲ့ Jieun နှစ်ယောက်လုံးက တကယ်ကို မတည့်အတူနေပါပဲ

Hyungတွေကလည်း ထိုလေးယောက်လုံးက အဆင်ပြေနေကြတာမို့ ဘာမှ ဝင်မပါဘဲ လွှတ်ထားပေးကြသည်...
အားလုံးအပေါ်ကို အလျော့ပေးကာ ပြောဆိုဆက်ဆံသည်
အထူးသဖြင့် Jiminကိုပေါ့..
ဒီလို အဆင်ပြေနေတဲ့ အခြေအနေလေးကို
မပျက်စီးအောင် အစ်ကိုဖြစ်သူတွေက တကယ်ကို သတိထားနေရသည်

-----------

အခုဆိုရင် သုံးပတ်ဆိုတဲ့ အချိန်တောင် ကုန်ဆုံးသွားပြီ..
အားလုံးက Jiminကို အရိပ်အခြေအနေကြည့်ကာနေကြရသည် အခုထိတော့ အားလုံးက အဆင်ပြေနေကြတာပဲ

Namjoonက သတင်းထူးပြောစရာရှိတယ်ဆိုပြီး စနေနေ့ကို တွေ့ဖို့ အားလုံးကိုချိန်းလိုက်သည်
Jiminကတော့ သူ့မိဘတွေက နိုင်ငံခြားကို အလုပ်နဲ့ သွားတာမို့ သူ့အိမ်မှာ အားလုံးတွေ့ကြဖို့ ချိန်းတာနဲ့ စနေနေ့ည ခုနစ်နာရီတွေ့ဖို့ ချိန်းလိုက်ကြသည်

Ice Cold | Jikook Where stories live. Discover now